တညောင်ရဲစခန်းကို စလင်းပကဖ မီးရှို့၊ ရဲ ရှစ်ဦးသေဆုံး နှစ်ဦးလက်နက်ချ

Date:

 

ဇူလိုင် ၃၀

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်က တညောင်ရဲစခန်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မီးရှို့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၃၀ရက်၊ မနက် ၄နာရီ မိနစ် ၅၀မှာ စလင်းပကဖက တညောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ကင်းဘန်ကာတွေကို အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပြီး တညောင်ရဲစခန်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် ရဲ ရှစ်ဦးသေဆုံးပြီး နှစ်ဦးလက်နက်ချအဖမ်းခံခဲ့ကာ ရဲမိသားစုဝင်တွေကိုတော့ ဖမ်းဆီးထိန်းသိမ်းထားထားတယ်လို့သိရပါတယ်။
ကျန်တဲ့ ရဲတွေကတော့ မြို့လှနဲ့ထန်းနှစ်ပင်ကြားက တညောင်လျှပ်စစ်ဓာတ်အားခွဲရုံကို ထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဆီက G-3 သေနတ်ငါးလက်၊ Ma 13 သေနတ်တစ်လက်နဲ့ ကျည်တွေသိမ်းဆည်းရမိခဲ့ပြီး စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ ဘေးကင်းတယ်လို့ သိရပါတယ်။
တညောင်ရဲစခန်းတိုက်ခိုက်မှုပြီးတဲ့နောက် မနက် ၈နာရီ ၂၃မိနစ်မှာ အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ငြိမ်း ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...