နိုဝင်ဘာ ၁၅၊ ၂ဝ၂၄
* ရွှေဘိုမှာ ကင်းလှည့်နေတဲ့စစ်အုပ်စုက ပစ်ခတ်လို့ အမျိုးသား ၂ ဦးသေဆုံး (အသက် ၂၆ နှစ်နဲ့ အသက် ၆၀ ကျော်အရွယ်)။
နိုဝင်ဘာ ၁၆
* ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ကန့်ဘလူမြို့နယ်၊ အလယ်ခုံရွာက အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ နေအိမ်နှစ်လုံးပျက်စီး ခဲ့ပြီး ကျွန်းလှမြို့နယ်က နေအိမ်သုံးလုံး မီး လောင်ပျက်စီး။
* ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာ နေအိမ်သုံးလုံးနဲ့ ကျွန်းလှမြို့နယ်မှာ စစ်တပ်က ဗုံးကြဲလို့ နေအိမ် ၅ လုံး ပျက်စီးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရ။
* ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း သုံ့ပန်း ၂၅ ဦးဖမ်းမိပြီး လက်နက် ၂၁ လက်နဲ့ ခဲယမ်း တွေသိမ်းဆည်းရရှိကြောင်း BNRA ထုတ်ပြန်။
* စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နဲ့ ရေ ဦးမြို့နယ်ထဲကို ဦးဝသဝရဲ့ လက်အောက်ခံ ပျူစောထီးနဲ့ စစ်သားအင်အား ၁၈ဝ ခန့် ပါ စစ်ကြောင်း ဝင်ရောက်လာတာကြောင့် အရပ်သားပြည်သူ ငါးထောင်ကျော် ဘေးလွတ်ရာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေ။
နိုဝင်ဘာ ၁၇
* မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း၊ ဆောက်ခြုံပေါက်ရွာမှာ နိုဝင်ဘာလ ၁၇ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်တပ် နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ် အဖွဲ့ဝင် ၁၂ ဦး သေဆုံးကာ လက်နက် ကိုးလက် သိမ်းဆည်းရမိ။
* အာဏာသိမ်းစစ်တပ်က လေကြောင်းပစ်ကူအမြောက်မြားပေးခဲ့တဲ့ ပုလဲမြို့သိမ်း တိုက်ပွဲအတွင်း BNRA တပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရသလို မဟာမိတ် GZA က ရဲဘော်တစ်ဦးလည်း ဒဏ်ရာရရှိ။
* စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ခရီး သွားကားနဲ့ ဆိုင်ကယ်တွေကို ဆက်ကြေး ကောက်နေတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် တွေတိုက်ခိုက်ခံရလို့ လေးဦး သေဆုံး။
နိုဝင်ဘာ ၁၈
* ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ် သွားလာနေတဲ့ ခရီးသွားယာဉ် တစ်စီးကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ ကားထဲရှိ ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူလေးဦး ဗုံးထိမှန် သေဆုံး။
နိုဝင်ဘာ ၁၉
* စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လင်ဗန်းဆည်မှာ လှေသုံးစီးနဲ့ ငါးမျိုးလာ ဖော်တဲ့ အာဏာသိမ်းစစ်တပ် အဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့လို့ လှေတစ်စီးရေထဲမြှုပ်သွား။
* စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နိဗ္ဗာန်ဝ ကျေးရွာအနီးမှာရှိတဲ့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းရဲ့ ရှေ့တန်းစခန်းနှစ်ခုကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး အနီးနားပတ်ဝန်းကျင်က အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား သုံးဦးကို PDF လို့ စွပ်စွဲဖမ်းဆီး။
နိုဝင်ဘာ ၂ဝ
* စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီး ငါးရက်အတွင်း ရေဦးမြို့နယ်က ရွာခုနှစ်ရွာနဲ့ တန့် ဆည်မြို့နယ်ထဲက ရွာတစ်ရွာ စုစုပေါင်း ရွာ ရှစ်ရွာကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၆ဝ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဆီဆုံရွာက အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရ။
နိုဝင်ဘာ ၂၁
* မုံရွာမှာ အဝေးသင်လာရတက်နေတဲ့ ကျောင်းသားတွေကိုပါ စစ်မှုထမ်းဖို့အတွက် ဖမ်းဆီး။
နိုဝင်ဘာ ၂၂
* စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်က စစ်တပ် လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ကျင်းပပြုလုပ်တဲ့ ပျူစောထီးသင်တန်းဆင်းပွဲကို ဒရုန်းဗုံးသီး ကိုးလုံး ကြဲချတိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က လေးဦး သေဆုံး။
* အာဏာသိမ်းစစ်တပ်နဲ့ ပျူပူးပေါင်း အဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာက နေအိမ် ၂ လုံး မီးလောင်ပျက်စီး။
နိုဝင်ဘာ၂၃
* ပစ္စတိုသေနတ်တွေကိုင်ဆောင်ထား တဲ့ အမျိုးသားခြောက်ဦးက မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်မှာရှိတဲ့ လူနေအိမ်တစ်အိမ်က ကလစ်ဆိုင်ကယ်တစ်စီး၊ စကူပီဆိုင်ကယ်တစ်စီးနဲ့ ပိုက်ဆံနှစ်သိန်းအပြင် အိမ်ရှင်ကို လာကူတဲ့ ဘေးအိမ်ကအမျိုးသမီးရဲ့ဖုန်းကိုပါ လုယက်သွား။
* ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ လက်ဆည်ရပ်ကွက်မှာ လူတွေ့ရင် သေနတ်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်ပြီး အာဏာသိမ်းစစ်တပ်က ပြည်သူတွေနဲ့ ရဟန်းသံဃာတွေကို ရပ်ကွက်ထဲကထွက်ခွာခိုင်း။
နိုဝင်ဘာ ၂၅
* မုံရွာမြို့ပေါ်က လူနေအိမ်တွေကို အာဏာသိမ်းစစ်တပ်က မီတာပြေစာ ရှိမရှိစစ်ဆေးပြီး မီတာဖြတ်ပိုင်းပြေစာမပြနိုင်တဲ့ အိမ်တွေက မီးတာကြိုးတွေကိုဖြုတ်ယူ။
နိုဝင်ဘာ၂၆
* ကလေးမြို့နယ်၊ လက်ပံချောင်းရွာ ကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၁၄နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၂၅နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အသက် ၅၄နှစ်အရွယ် စတိုးဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးနဲ့ အသက် ၆၅နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံး။
နိုဝင်ဘာ၂၇
* ကျွန်းလှမြို့နယ်ထဲကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလို့ ကျေးရွာ ၁ဝ ရွာလောက်က ဒေသခံပြည်သူ တစ်သောင်းကျော်စစ်ဘေးရှောင်နေရ၊ ကုက္ကိုလ်ကုန်းရွာ၊ မတောင်ရွာ၊ လွှတ်တိုက်ရွာနဲ့ ဆွဲလှဲရွာတွေကို မီးရှို့တဲ့အပြင် ဒရုန်းနဲ့ဗုံးသီးချတာ၊ ဟောင်ဝှစ် ဟာတွေနဲ့ ပစ်ခတ်နေ။
