နာနတ်သီးစက်ရုပ်နဲ့ ပိုင်ပိုင် 

Date:

 

ကလေးတို့ရေ တစ်ခါတုန်းက ပင်လယ်ကမ်းခြေဘေးကရွာလေးမှာ ပိုင်ပိုင်နဲ့ သူ့ရဲ့ ကိုကိုနဲ့ မမတို့ နေထိုင်ကြတယ်။ ပိုင်ပိုင်တို့ရွာကို ပင်လယ်ထဲက စင်ရော်ငှက်အကြီးကြီး ပျံလာတတ်ပြီး အသံအကျယ်ကြီးနဲ့ အော်လေ့ရှိတယ်။ အော်ပြီးတာနဲ့ ငှက်ကြီးက မြေပြင်ကို ထိုးဆင်းပြီးကလေးတွေကို သုတ်ချီသွားတတ်တယ်။ အဲဒီလိုနဲ့ ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်တော့ ရွာကလူတွေက ငှက်ကြီးလာရင် မြားတွေနဲ့ပစ်တာ၊ လက်နက်တွေနဲ့ ပစ်တာတွေ လုပ်ကြတယ်။ ဒီလိုလုပ်တော့ အရင်ကလောက် ကလေးတွေ ပါမသွားတော့ပေမယ့် တစ်ခါတလေ လူလစ်တဲ့အချိန်ဆို ငှက်ကြီးရောက်လာပြီး ကလေးတွေကို သုတ်ချီသွားတာကို ကြုံနေရတုန်းပဲ။

ဇင်ယော်ငှက်ကြီးအော်ပြီးလာတဲ့အချိန်ဆိုရင် ပိုင်ပိုင်၊ ကိုကိုနဲ့ မမက အိမ်အောက်မှာလုပ်ထားတဲ့ ကျင်းလေးထဲမှာပုန်းနေကြတယ်။ ငှက်ကြီးပျံသွားမှ အိမ်ပေါ်ကို တက်ကြတယ်။ အဲဒီလို ပုန်းနေတဲ့အချိန်ဆို ပိုင်ပိုင် အရမ်းကြောက်တာပဲ။ ဇင်ယော်ငှက်ကြီး ပြန်ထွက်သွားပြီး အိမ်ပေါ်ပြန်တက်တဲ့အချိန်လည်း အကြောက်မပြေ၊ ညကျရင်လည်း အိပ်မက်တွေ မက်ပြီး ထထငိုတတ်တယ်။ တစ်ရက်တော့ ဇင်ယော်ငှက်ကြီးလာတဲ့အချိန် အိမ်အောက်ကကျင်းထဲမှာ ပုန်းရင်း ပိုင်ပိုင် ငိုပြီး မမပေါင်ပေါ်မှာ အိပ်ပျော်သွားတယ်။

နာနတ်သီးစက်ရုပ်ကလေးရောက်လာပြီး ပိုင်ပိုင့်ကို သံစဉ်လေးတစ်ခုကို နှာခေါင်းနဲ့ ညည်းလိုက် အသက်ရှူသွင်းလိုက်၊ ရှူထုတ်လိုက် လုပ်ပြတယ်။ ပိုင်ပိုင်လည်း လိုက်လုပ်တယ် …

အိပ်မက်ထဲမှာ နာနတ်သီးစက်ရုပ် ကလေးရောက်လာပြီး ပိုင်ပိုင့်ကို သံစဉ်လေး တစ်ခုကို နှာခေါင်းနဲ့ ညည်းလိုက် အသက်ရှူသွင်းလိုက်၊ ရှူထုတ်လိုက် လုပ်ပြတယ်။ ပိုင်ပိုင်လည်း လိုက်လုပ်တယ်။ ပါးစပ်ကို ပိတ်ပြီး နှာခေါင်းသံနဲ့ “အွန်း”လို့ ၃ စက္ကန့် လောက်ညည်းလိုက်၊ အသက်ရှူသွင်းလိုက်၊ ရှူထုတ်လိုက်၊ နှာခေါင်းသံနဲ့ “အွန်း”လို့ညည်း လိုက်၊ အသက်ရှူသွင်းလိုက်၊ ရှူထုတ်လိုက် လုပ်ရင်းနဲ့ ပိုင်ပိုင် ကြောက်နေတာတွေ လျော့လာတယ်။ မျက်ရည်တွေလည်းထက်မကျတော့ဘူး။

“ပိုင်ပိုင်ရေ ကြောက်စရာကြုံတိုင်း ဒီလိုလေးလုပ်ပေးရင် ပိုင်ပိုင်ကြောက်တာ လျော့သွားလိမ့်မယ်။ နောင်ကိုလဲ ဒီလိုအမြဲ လုပ်နော်”

အိပ်မက်က နိုးလာတဲ့အချိန် ပိုင်ပိုင် အရင်လို အရမ်းမကြောက်တော့ဘူး။ ညဘက်ကိုလည်း ကောင်းကောင်း အိပ်ပျော်သွားတယ်။ နောက်နေ့တွေ ငှက်ကြီးလာရင်လည်း စက်ရုပ်ကလေး အိပ်မက်ထဲမှာ ပြောသွားသလို လုပ်ပြီး အကြောက်ပြေအောင် နေနိုင်လာတယ်။ ညဘက် အိပ်မက်ဆိုးတွေ မက်ရင်လည်း နာနတ်သီးစက်ရုပ်လေးပြောပြသလို နှာခေါင်းနဲ့ “အွန်း” ဆိုတဲ့ သံစဉ်လေးညည်းပြီး အသက်ရှူသွင်း ရှူထုတ်လုပ်လိုက်ရင် ပြန်အိပ်ပျော်သွားတယ်။ ပင်လယ်ဘက် ကနေ ရောက်ရောက်လာတဲ့ ဇင်ယော်ငှက်ဆိုးကြီးကို ပိုင်ပိုင်တို့ ရွာသားတွေ တစ်နေ့ နှိမ်နှင်းနိုင်မယ်လို့လည်း ပိုင်ပိုင်ယုံတယ်။ အဲဒီအချိန်မတိုင်ခင်တော့ နာနတ်သီးစက်ရုပ် ပြောပြတဲ့ လေ့ကျင့်ခန်းကို လုပ်နေရဦးမှာပဲ။

ဝါဆို (Waso) ရေးသားသည်။
ဂျင် (Jin) သရုပ်ဖော်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...