နာနတ်သီးစက်ရုပ်နဲ့ ပြာသို

Date:

 

တစ်ခါတုန်းက ခြင်းခတ်ရတာကြိုက်တဲ့ ပြာသိုဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ကြိမ်လုပ်ငန်းလုပ်တဲ့ သူ့အဖေနဲ့အတူတူ တောင်ခြေကရွာလေးတစ်ရွာမှာ နေကြတယ်။ ပြာသိုက တောထဲမှာသွားဆော့ရင်း မြေမြှုပ်မိုင်းကိုနင်းမိလို့ ခြေထောက်တစ်ဖက်ထိခိုက်သွားတဲ့အတွက် ချိုင်းထောက်နဲ့ သွားလာနေရတဲ့သူပါ။ သူက ချိုင်းထောက်ရှိမှ သွားလာနိုင်တဲ့အတွက် အမြဲစိတ်အားငယ်နေတယ်တဲ့။ အဖေ့ရဲ့ အလုပ်တွေကို မကူညီနိုင်တာ၊ သူငယ်ချင်းတွေနဲ့ အတူတူ မဆော့နိုင်တာကိုတွေးပြီး စိတ်မကောင်းဖြစ်ပေမယ့် အဲဒီလို စိတ်မကောင်းဖြစ်နေတာကို ဘယ်သူ့ကိုမှ မပြောပြဘူး။ ခြေထောက်ထိပြီးတဲ့နောက်ပိုင်းကစလို့ ဘယ်သူနဲ့မှလည်း သိပ်စကားမပြောတော့ဘဲ သူငယ်ချင်းတွေလာခေါ်ရင်လည်း သူငယ်ချင်းတွေကို မောင်းထုတ်လေ့ရှိတယ်။ သူငယ်ချင်းတွေရော၊ အဖေကရော ပြာသို အဲဒီလို အမြဲစိတ်ဆိုးပြီး အခန်းအမြဲအောင်းနေတာကို ဘယ်လိုလုပ်ပေးရမလဲ မသိပေမယ့် ပြာသို့ကို အမြဲတမ်းစကားသွားပြော၊ သွားခေါ် ပြီးနွေးနွေးထွေးထွေး ဆက်ဆံပေးကြတယ်။

အမြဲ စိတ်ဆိုးနေတတ်တဲ့ ပြာသိုတစ်ယောက် ညတိုင်း ဝမ်းနည်းပြီး ငိုငိုနေတတ်တာကိုသိတဲ့ နာနတ်သီးစက်ရုပ်ကလေးလည်း ခြင်းမခတ်နိုင်တော့တဲ့ ပြာသို့ကိုနှစ်သိမ့်ပေးဖို့ ပြင်ပါတော့တယ်။ ပြာသို့ရဲ့ အိပ်မက်ထဲကို သွားပြီး ခြင်းခတ်တာအပြင် ပြာသိုလုပ်နိုင်တာတွေကို ကူညီပြီးရှာပေးဖို့ လုပ်ငန်းစပါတော့တယ်။

ပြာသိုရေ။ ခြင်းမခတ်နိုင်တော့ပေမယ့် ပြာသိုလုပ်နိုင်တာတွေ အများကြီးရှိတာ မြင်တယ်မလား။ ကိုယ့် အရည်အချင်းနဲ့ ပတ်ဝန်းကျင်က လူတွေပျော်အောင် လုပ်နိုင်တာလည်း ပြာသို့ရဲ့ အရည်အချင်းပဲလို့ ကိုကိုနာနတ်သီးတော့ မြင်တယ်။ စိတ်ဓာတ်မကျဘဲ လုပ်နိုင်တာတွေ ဆက်လုပ်သွားနော်

ပြာသို့ရဲ့အိပ်မက်ထဲမှာ ပြာသိုက အရင်တုန်းကလို ခြေထောက်ကောင်းနေတယ်တဲ့။ သူငယ်ချင်းတွေနဲ့ ခြင်းလုံးခတ်လိုက်၊ ပြေးဆော့လိုက်လုပ်ရင်း နေ့တိုင်း နေ့တိုင်း ပျော်နေတာပေါ့။ အိမ်မှာ မနက်ဆို ပုံပြင်လေးတွေ ရေး၊ ပြီးရင် အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ဆော့၊ ဆော့ရာက ပြန်လာရင် အဖေရဲ့ ကြိမ်ရက်တဲ့ လုပ်ငန်းကိုကူ၊ ကြိမ်တွေကိုယူပြီး ခြင်းလုံးလေးတွေလုပ်၊ ပိုတဲ့ ကြိမ်လေးတွေနဲ့ သော့ချိတ်လေးတွေလုပ်ပြီး နောက်နေ့ကျ သူငယ်ချင်းတွေကို ပေးလေ့ရှိတယ်။ ပြာသိုလုပ်တဲ့လက်ရာလေးတွေက အရမ်းလှတယ်တဲ့။ ဒါကြောင့် ပြာသို့ဆီက သော့ချိတ် လက်ဆောင်ရတဲ့ သူငယ်ချင်းတွေက အရမ်းပျော်ပြီး ပြာသို့ရဲ့ ကြိမ်ခြင်းလုံးနဲ့ ကြိမ်သော့ ချိတ်လေးတွေကိုလည်း အရမ်းလှတယ်လို့ ချီးကျူးကြတယ်။ ပြာသိုရေးတဲ့ ပုံပြင်လေး တွေကိုလည်း အလုအယက်ဖတ်ကြတယ်။

“ပြာသိုရေ။ ခြင်းမခတ်နိုင်တော့ပေမယ့် ပြာသိုလုပ်နိုင်တာတွေ အများကြီးရှိတာ မြင်တယ်မလား။ ကိုယ့် အရည်အချင်းနဲ့ ပတ်ဝန်းကျင်က လူတွေပျော်အောင် လုပ်နိုင်တာလည်း ပြာသို့ရဲ့ အရည်အချင်းပဲလို့ ကိုကိုနာနတ်သီးတော့ မြင်တယ်။ စိတ်ဓာတ်မကျဘဲ လုပ်နိုင်တာတွေ ဆက်လုပ်သွားနော်”

အိပ်မက်ကနေ ပြုံးပြုံးကြီး နိုးလာတဲ့ ပြာသိုတစ်ယောက် အဖေလုပ်ပေးတဲ့ မနက်စာကို စားပြီး၊ အဖေရဲ့ ကြိမ်အလုပ်ရုံက ပစ္စည်းတွေနဲ့ သူငယ်ချင်းတွေအတွက် ကြိမ်ခြင်းလုံးကလေး လုပ်လိုက်တယ်။ ပြီးတော့ အဖေ့ကို ခွင့်တောင်းပြီး ချိုင်း(ဂျိုင်း)ထောက်ကို ဆွဲ၊ သူငယ်ချင်းတွေဆီ ထွက်လာခဲ့တယ်။

ပြာသို့ကို မြင်တာနဲ့ သူငယ်ချင်းတွေလည်း ဝမ်းသာအားရ နှုတ်ဆက်ပြီး ပြာသိုလုပ်တဲ့ ခြင်းလုံးလေးနဲ့ ခြင်းခတ်တမ်း ဆော့ကြတယ်။ ပြာသိုပါ ဆော့လို့ရအောင် လက်နဲ့ခြင်းလုံး ပုတ်တမ်းလည်း ဆော့ကြတယ်၊ ပြာသိုလည်း နောက်နေ့ကျ သူငယ်ချင်းတွေအတွက် ကြိမ်သော့ချိတ်တွေနဲ့ ကြိမ်ခြင်းလုံေကလေးတွေ ယက်လာပေးဦးမယ်လို့ ကတိပေးလိုက်တယ်။ ပုံပြင်တွေလည်း ပြန်ရေး တော့မယ်လို့ ပြောတယ်။ ပြာသို ပြန်ပြီး ပြုံးရွှင်လာတာတွေ့တော့ သူငယ်ချင်းတွေလည်း ပျော်နေကြတာပေါ့။ နောင်ကိုလည်း သူတို့အရင်လို အတူတူ ပြန်ဆော့ကြမယ်လို့ ပြာသိုနဲ့ သူငယ်ချင်းတွေအချင်းချင်း ကတိပေးလိုက်ကြတယ်။

ဝါဆို (Waso) ရေးသားသည်။
ဂျင် (Jin) သရုပ်ဖော်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...