အာဏာသိမ်းစစ်တပ်ဖမ်းထားတဲ့ ကညှပ်ရွာခံတွေ အကုန်နီးပါးပြန်လွှတ်၊ သားအဖနှစ်ဦးကို ဆက်လက် ဖမ်းထား

Date:

ဇူလိုင် ၅၊ The Nation Voice
သတင်း- ငြိမ်း
ဓားစာခံအဖြစ်ဖမ်းဆီးခံထားရတဲ့မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကညှပ်ရွာခံတွေ အကုန်လုံးနီးပါးပြန်လည်လွတ်မြောက်လာပေမယ့် သားအဖနှစ်ဦးကတော့ အခုထိပြန်လွတ်မလာသေးဘူးလို့ စလင်းဒေသခံတွေက The Nation Voice ကိုပြောပါတယ်။
ပုံစာ- ဇူလိုင် ၄ရက်တွင် အာဏာသိမ်းစစ်တပ်ရဲ့မီးရှို့မှုကြောင့် ကညှပ်ရွာမီးလောင်နေစဉ်

 

ပုံစာ- ဇူလိုင် ၄ရက်တွင် အာဏာသိမ်းစစ်တပ်ရဲ့မီးရှို့မှုကြောင့် ကညှပ်ရွာမီးလောင်နေစဉ်

ကညှပ်ရွာကို အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၄ရက် မနေ့ကမနက် ၈နာရီခွဲလောက်မှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာပါ။ အခုလို စစ်ကြောင်းထိုးဝင်ရောက်စဉ်အတွင်း ရွာပြင်ထွက်လို့မရလိုက်တဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ရွာခံတွေကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
“ ပြည်သူတွေလည်း အမှတ်မထင် စစ်တပ်က ဝင်ရောက်ခဲ့တော့ ပိတ်မိသွားတယ်။ ပြေးတဲ့သူတွေလည်း ပြေးကြတယ်။ တော်တော်များတော့ ပိတ်မိသွားတာပေါ့။ ‌ေ-ွးတွေက ပြေးတဲ့သူပစ်သတ်မယ်လို့ ပြောဆိုရင်းက ပြည်သူတွေလည်းထွက်ပြေးခဲ့ရတာပါ။ ပိတ်မိသွားတဲ့ပြည်သူတွေက ကလေးတွေများတယ်။ ဆိုးရွားလွန်းတဲ့ဇာတ်လမ်းတစ်ခုလိုပဲ” လို့ ဒေသခံအမျိုးသားတစ်ဦးက The Nation Voice ကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွာခံတွေကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး အသက် ၅၀ကျော်၊ အသက် ၇၀ကျော် လူကြီးတွေကို မိုင်းတောထဲမှာ ဖြတ်လျှောက်ခိုင်းခဲ့ကာ တခြားသူတွေကိုတော့ မြို့ပေါ်ထိ လက်ထိပ်ခတ်၊ မျက်နှာဖုံးတွေစွပ်ပြီး ခေါ်သွားကြတယ်လို့သိရပါတယ်။
“အသက်ကြီးတဲ့သူတွေကို ရိုက်နှက်ပြီး မိုင်းကွင်းထဲမှာ ရှေ့ပြေးလျှောက်ခိုင်းတာ၊ မိုင်းထိပြီး ထိခိုက်ဒဏ်ရာအပြင်းအထန်တွေနဲ့ အတုန်းအရုံးလဲကုန်ကြတယ်။ အခုတော့ ဆေးကုသမှုခံယူနေတယ်။ ရင်နှင့်အမျှ ရင်ကွဲအောင် ခံစားရတယ်။ အဖြစ်အပျက်တွေက အရမ်းကို ဆိုးရွားလွန်းတယ်ဗျာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဓားစာခံအဖြစ်ဖမ်းသွားတဲ့ ကညှပ်ရွာခံတွေကို အကုန်ပြန်လွှတ်လိုက်ပေမယ့် သားအဖနှစ်ဦးကိုတော့ အခုထိဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွာထဲကို စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်ရောက်လာကာ အရပ်ဝတ်တွေနဲ့ပါ စစ်ကြောင်းထိုးတာလို့သိရပါတယ်။
“ စစ်တပ်က ဗြုန်းစားပြီး ရပ်ရွာထဲကိုဝင်လာတာ၊ (စလင်း)ပကဖအဖွဲ့တွေလည်းရှိတော့ ပကဖက ရဲဘော်တစ်ယောက်က ကျွန်တော်ပကဖကအဖွဲ့ပါလို့ ပြောတာနဲ့ ချက်ချင်းပစ်သတ်ပလိုက်တာပေါ့။ ဒီကောင်လေးကလည်း စစ်တပ်မှန်းမသိဘူးတဲ့၊တခြားအဖွဲ့ထင်လို့ ပြောလိုက်တာ ချက်ချင်းပစ်သတ်ခံရတာ။ ပြည်သူတွေလည်း စစ်‌ေ-ွးတွေမှန်းမသိဘူး။ PDF အဖွဲ့အစည်းတွေ အောက်မေ့လို့ အစကတော့ မပြေးကြဘူးပေါ့။ နောက်မှ ‌ေ-ွးတွေမှန်းသိလို့ ပြေးကြလွှားကြတာပေါ့” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကလည်း တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ကင်းထောက်ပိုမိုအားကောင်းအောင်လုပ်ဆောင်စေချင်ပြီး အခုလိုအမှားမျိုးထပ်မဖြစ်အောင် သတိထားသင့်တယ်လို့ အကြံပြုထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၂၉ရက်မှာ စလင်းမြို့နယ်က ပန်းတိမ်ကုန်းရွာ၊ ဇူလိုင် ၃ရက်မှာ ကျီးသိုက်ရွာနဲ့ ဇူလိုင် ၄ရက်မှာ ကညှပ်ရွာကို မီးရှို့ခဲ့တာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...