အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ မတ္တရာမြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလုပ်ဆောင်နေ

Date:

ဇူလိုင် ၄၊ The Nation Voice
သတင်း- ငြိမ်း
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ လက်နက်ကြီးတို့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၃ရက် နေ့လယ် ၃နာရီမှာ အာဏာသိမ်းစစ်တပ်ဟာ မတ္တရာမြို့နယ်၊ ဝေါရွာသစ်ကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး နို့စို့အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ခုနစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မတ္တရာမြို့ပေါ်ကနေ ဝေါရွာသစ်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၇၅နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၁၀ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားတွေအပေါ် မဆင်မခြင် ဦးတည်တိုက်ခိုက်မှုတွေ မကြာခဏကျူးလွန်နေတာကြောင့် မတ္တရာြမို့နယ်ခံအများစုဟာ စစ်ဘေးလွတ်ရာဒေသတွေကို ပြောင်းရွှေ့နေထိုင်နေရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မတ္တရာမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ ကျေးရွာတွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...