စစ်ကြောင်းထိုးနေလို့ ချောက်မြို့နယ်က ကျေးရွာတချို့ မြေပဲဖော်ဖို့ အခက်ကြုံနေ

Date:

 

အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ထိုးနေတာကြောင့် နေရပ်မပြန်ရဲတဲ့အတွက် မြေပဲဖော်ဖို့ အခက်ကြုံနေရတယ်လို့ မကွေးတိုင်း ချောက်မြို့နယ်က ဒေသခံတောင်သူတွေက The Nation Volce ကိုပြောပါတယ်။

နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းက ချောက်မြို့နယ်ထဲက တောင်သာလမ်းခွဲကို ရောက်လာပြီး အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးနေ တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုး နေတဲ့ ကျေးရွာတွေအနီးက ကျေးရွာ ၁၃ ရွာ ဝန်းကျင်ဟာ မြေပဲဖော်ရတော့မယ့် အချိန်ကို ရောက်နေပေမယ့် စစ်ကြောင်းထိုးနေလို့ ကျေးရွာတွေက တိမ်းရှောင်နေရတဲ့အပြင် လုပ်သားငှားမရတဲ့ အခြေအနေကိုလည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“အခုက စစ်ကြောင်းကနောက်တစ်ခါ ထပ်ဝင်လာတာ၊ ပဲနှုတ်ချိန်ဆိုတော့ ပိုခက်ရော။ ဒီနှစ်တော့ လုပ်အားခ သုံးဆလောက်ပို ပေးတာတောင် အလုပ်လိုက်မယ့်သူမရှိဘူး၊ ရွာမှာရှိတဲ့ လူတွေလောက်နဲ့လည်း လုပ်အားက အဆင်မပြေဘူး”လို့ မြေပဲစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာတော့ မြေပဲဖော်ရာသီမှာ အလုပ်သမားတစ်ဦးကို တစ်နေ့

လုပ်အားခ ငါးထောင်ကျပ်ပေးရပြီး ဒီနှစ်မှာတော့ ယာခင်းပိုင်ရှင်တောင်သူတွေက တစ်သောင်းခွဲအထိ လုပ်အားခကို တိုးမြှင့်ပေးပေမယ့် လုပ်ကိုင်သူမရှိဘူးလို့ တောင်သူတွေက ဆိုကြပါတယ်။

ကျေးရွာခံလူငယ်နဲ့ လူလတ်ပိုင်းတွေ အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း ရန်ကြောင့် ကျေးရွာကိုပြန်မလာနိုင်ကြသူတွေရှိနေသလို အချို့ကတော့ မြို့ပေါ်တွေ ကိုသွားပြီး အလုပ်လုပ် ကိုင်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တန်ဆောင်မုန်းမှာပုံမှန်ဖော်တာ၊ ဝါဆိုကတည်းကစိုက်တဲ့ပဲက အခုမှ မဖော်နိုင်ရင် မြေကြီးထဲကျန်ခဲ့မှာ၊ တကယ်လို့ မုန်တိုင်းတွေဘာတွေရှိလို့ မိုးများရင် မြေပဲကပျက်ပြီ၊ အချိန်မီဖော်နိုင်ရင်အဆင်ပြေသွားမှာ”လို့ တောင်သူတစ်ဦးက မြေပဲခင်းရဲ့ အခြေအနေ ကိုရှင်းပြပါတယ်။

တောင်သူတွေအနေနဲ့ မြေပဲကိုအချိန်မှီ မဖော်နိုင်ခဲ့ရင်တော့ ဧကအကြီးအသေး အပေါ်မူတည်လို့ တစ်ဧကကို အနည်းဆုံး ခုနှစ်သိန်းကနေ ရှစ်သိန်းကျပ်အထိ ဆုံးရှုံးနိုင်တယ်လို့ တောင်သူတွေက ခန့်မှန်းကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီး လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ချောက်မြို့နယ်ထဲက ကျေးရွာ ၂၄ ရွာက လူဦးရေ ၂ဝဝဝဝ ကျော် စစ်ဘေးရှောင်ခဲ့ရပါတယ်။

လက်ရှိမှာတော့ ညောင်ဇင်၊ ရွာမ၊ ဆူးတော၊ ချောင်းဦး၊ နရွဲတော၊ ကံသစ်ကုန်း၊ ကတိုင်(တောင်)၊ ကတိုင်(မြောက်)၊ စန်းမရေယဉ်၊ ဆယ်ကန်၊ ညောင်ပင်စမ်းနဲ့ ထိန်စမ်းရွာက မြေပဲစိုက်တောင်သူတွေဟာ မြေပဲဖော်ဖို့ အခက်အခဲဖြစ်နေတာပါ။

အဲလာ ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...