အာဏာသိမ်းစစ်တပ် ကြဲချတဲ့ဒရုန်းဗုံးတွေမှာ အဆိပ်ငွေ့ပြားတွေ ပါဝင်နေ

Date:

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ် အနီးတစ်ဝိုက်ကို အာဏာသိမ်းစစ်တပ်က ကြဲချတဲ့ ဒရုန်းဗုံးတွေမှာ အဆိပ်ငွေ့ပြားတွေ ပါဝင်နေတယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက် နေ့တို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂) တပ်က ကြဲချခဲ့တဲ့ ဒရုန်းဗုံးတွေမှာ S – PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆ဝ အဆိပ်ငွေ့ပြားတွေကို ထည့်သွင်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။

“စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးလာချ တဲ့အခါမှာ အဆိပ်ငွေ့ဗုံးတွေ ပါလာတာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ ပတ်ဝန်းကျင်နေရာမှာ ကြဲချတာဖြစ်ပါတယ်။ ဓာတု အဆိပ်ငွေ့သုံးပြီးတော့ တိုက်ခိုက်တာက စစ်ရာဇဝတ်မှု မြောက်ပါတယ်” လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။

အဆိုပါ ဒရုန်းဗုံးကြဲချတဲ့ နေရာအနီးတဝိုက်က ရဲဘော်တချို့ဟာ မူးဝေတာ၊ အော့အန်ချင်တာ၊ အိပ်ချင်လာတာနဲ့ အားပြတ်တဲ့ဝေဒနာတွေကို ခံစားခဲ့ရတဲ့အတွက် အဲဒီနေရာတွေကို သွားရောက်စစ်ဆေးခဲ့ရာမှာ အာဏာသိမ်းစစ်တပ်က အဆိပ်ငွေ့ပြားတွေ ကို ဗုံးသီးတွေနဲ့အတူ ထည့်သွင်းအသုံးပြုတိုက်ခိုက်ခဲ့တာ တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်က ဒရုန်းအားပြုပြီးစစ်ဆင်ရေးတွေ လုပ်ဆောင်လာတာနဲ့အတူ အဆိပ်ငွေ့တွေကိုပါ ထည့်သွင်းအသုံးပြုလာတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ ကို စူးစမ်းခြင်းမပြုဘဲ သတိပြုကြဖို့လည်း KNDF က တိုက်တွန်းထားပါတယ်။

KPV News မှ ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...