ထိုင်းနဲ့ ကမ္ဘောဒီးယား ‌နှစ်နိုင်ငံအကြား စစ်ရေးအခြေအနေ အမြန်ဆုံးငြိမ်းချမ်းစွာဖြေရှင်းရန် NUG တိုက်တွန်း

Date:

ဇူလိုင် ၂၄

ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဆူရင်ပြည်နယ်မှာရှိတဲ့ ထိုင်းစစ်စခန်းတစ်ခုကို ဇူလိုင်လ ၂၄ ရက် ဒီနေ့ မနက်မှာ စတင်ပစ်ခတ်ခဲ့ပြီး နောက် နှစ်နိုင်ငံ စစ်ရေးအခြေအနေ တင်းမာနေရာ အမြန်ဆုံးငြိမ်းချမ်းစွာ ဖြေရှင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG )က ဒီနေ့ညနေမှာ တိုက်တွန်းလိုက်ပါတယ်။
နှစ်နိုင်ငံကြား ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေကို ထိခိုက်မှု ရှိလာနိုင်တာမို့ အရပ်သား ပြည်သူရဲ့ လုံခြုံရေးကို အထူးစိုးရိမ်မိတယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အနေနဲ့ တိုက်တွန်းပါတယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။
ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံသား တို့မှာ ထိုင်းနိုင်ငံအတွင်းရှိ လုပ်ငန်းခွင်များတွင် အတူတကွ လုပ်ကိုင်နေထိုင်ကြတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပဋိပက္ခကို ပိုမိုတင်းမာစေတဲ့ ပြောဆိုရေးသားမှုတွေကို ဆင်ခြင်ကြဖို့လည်း NUG ကအထူးတိုက်တွန်းထားပါတယ်။
ကမ္ဘောဒီးယားစစ်တပ်က ပစ်ခတ်မှုများကြောင့် ထိုင်းစစ်သား တစ်ဦးနဲ့ အရပ်သား ၁၁ ဦး သေဆုံးခဲ့ပြီးတော့ ၃၅ ဦး ဒဏာ်ရာ ရရှိခဲ့တယ်လို့ ဒီနေ့ ညနေမှာ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ကမ္ဘောဒီးယားကို နိုင်ငံတကာက ရှုတ်ချဖို့ ထိုင်းအစိုးရက ဒီကနေ့မှာ တောင်းဆိုထားပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တရုတ်ပြည်ကို ထွက်ပြေးသွားတယ် လို့ သတင်းတွေ ထွက်ပေါ်နေတာကို ငြင်းဆိုထားပြီး စစ်ပွဲကို ကွပ်ကဲနေတယ်လို့ ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်ထားပါတယ်။
ကမ္ဘောဒီးယား အနေနဲ့ ထိခိုက်၊သေဆုံးမှု တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ကံ့ကော် ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...