မင်းအောင်လှိုင်က ထရမ့်ကို ချီးကျူးခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ရဲ့ အပေါင်းအပါများအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတချို့ကို အမေရိကန် ရုတ်သိမ်း

Date:

မင်းအောင်လှိုင်က ထရမ့်ကို ချီးကျူးခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ရဲ့ အပေါင်းအပါများအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတချို့ကို အမေရိကန် ရုတ်သိမ်း

ဇူလိုင် ၂၅၊ The Nation Voice

အာဏာသိမ်းစစ်တပ်ရဲ့ အပေါင်းအပါတွေအပေါ် ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတချို့ကို အမေရိကန်အစိုးရက ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် ဘဏ္ဍာရေးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးကျူးခဲ့ပြီး ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပေးဖို့ စာရေးခဲ့တဲ့ နှစ်ပတ်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ကြေညာချက်မှာ KT Services & Logistics ကုမ္ပဏီနဲ့ တည်ထောင်သူ ဂျော်နသန်မျိုးကျော်သောင်း၊ MCM Group ကုမ္ပဏီနဲ့ ပိုင်ရှင် အောင်လှိုင်ဦး၊ Suntac Technologies ကုမ္ပဏီနဲ့ ပိုင်ရှင် စစ်တိုင်းအောင် အပြင် အခြားတစ်ဦးဖြစ်တဲ့ တင်လတ်မင်း တို့ကို ပိတ်ဆို့စာရင်းကနေ ဖယ်ရှားလိုက်ပြီလို့ ဖော်ပြထားပါတယ်။

ဒီပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေဟာ အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ အပေါင်းအပါများအဖြစ် လူသိများကြပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ဘိုင်ဒင်အစိုးရလက်ထက် မြန်မာစစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်အချိန်မှာ KT Services & Logistics နဲ့ ဂျော်နသန်မျိုးကျော်သောင်းတို့ကို ပိတ်ဆို့စာရင်းမှာ ထည့်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ အဲဒီနှစ်မှာပဲ မြန်မာနိုင်ငံ ကာကွယ်ရေးကဏ္ဍမှာ ပါဝင်လုပ်ကိုင်နေတဲ့ စစ်တိုင်းအောင်နဲ့ အောင်လှိုင်ဦး တို့ကိုလည်း စာရင်းထည့်ခဲ့ပါတယ်။
တင်လတ်မင်းကိုတော့ အာဏာသိမ်းမှု တတိယနှစ်ဖြစ်တဲ့ ၂၀၂၄ ခုနှစ်မှာ စာရင်းထည့်ခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်သိမ်းမှုရဲ့ အကြောင်းရင်းကို အမေရိကန်
ဘဏ္ဍာရေးဌာနက အသေးစိတ် ရှင်းမပြခဲ့ပါဘူး။ အိမ်ဖြူတော်ကနေလည်း မှတ်ချက်မပေးခဲ့ပါဘူး။

ဇူလိုင်လ ၁၁ ရက်မှာ မင်းအောင်လှိုင်က မြန်မာနိုင်ငံက အမေရိကန်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် ချမှတ်ထားတဲ့ ၄၀ ရာခိုင်နှုန်း အကောက်ခွန်ကို လျှော့ချပေးဖို့ ထရမ့်ကို စာရေးခဲ့ပါတယ်။ လိုအပ်ရင် ဆွေးနွေးရေးအဖွဲ့ ဝါရှင်တန်ကို စေလွှတ်မယ်လို့လည်း ပြောခဲ့ပါတယ်။

စစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာမှာ ဖော်ပြချက်အရ “ဗိုလ်ချုပ်မှူးကြီးက သမ္မတရဲ့ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုကို အသိအမှတ်ပြုခဲ့တယ်” လို့ ဆိုခဲ့ပါတယ်။

သြဂုတ်လ ၁ ရက်မှာ အကျိုးသက်ရောက်မယ့် အကောက်ခွန်အကြောင်း ထရမ့်ရဲ့ စာကို တုံ့ပြန်ရာမှာ မင်းအောင်လှိုင်က အကောက်ခွန်ကို ၁၀ ကနေ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချဖို့ အဆိုပြုခဲ့တာပါ။

အမေရိကန်က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် မြန်မာဘက်က ချမှတ်ထားတဲ့ အခွန်ကို သုညကနေ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချမယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်က ထရမ့်ကို “မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို လျှော့ချပြီး ရုပ်သိမ်းပေးဖို့ ပြန်လည်စဉ်းစားပါ” လို့ တောင်းဆိုခဲ့ပါတယ်။

ဒီပိတ်ဆို့မှုတွေက နှစ်နိုင်ငံ မျှဝေအကျိုးစီးပွားနဲ့ ကြီးပွားရေးကို အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အဆင့်မြင့် ကာကွယ်ရေးနဲ့ ဒစ်ဂျစ်တယ်ပစ္သည်းတွေမှာ အသုံးပြုတဲ့ မြေရှားသတ္တုတွေရဲ့ ကမ္ဘာ့အဓိက ရင်းမြစ်တစ်ခု ဖြစ်ပါတယ်။

ဒီသတ္တုတွေ ဈေးကွက်ဟာ ထရမ့်အစိုးရအတွက် တရုတ်နဲ့ မဟာဗျူဟာ ပြိုင်ဆိုင်မှုမှာ အရေးပါပါတယ်။

တရုတ်နိုင်ငံက မြေရှားသတ္တု သန့်စင်ရေး စွမ်းရည်ရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။

မြန်မာ မြေရှားသတ္တုတွင်းတွေ အများစုဟာ စစ်အစိုးရနဲ့ တိုက်ပွဲဝင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွေမှာ ရှိနေပြီး မြေရှားအများစုကို တရုတ်မှာ သန့်စင်နေကြပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေနဲ့ နိုင်ငံရေး ပဋိပက္ခတွေအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အပေါင်းအပါတွေအနေနဲ့ ပိတ်ဆို့မှု ရုပ်သိမ်းခံရတာက စစ်တပ်ကို နောက်ထပ် အားပေးမှုတစ်မျိုး ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေ သုံးသပ်နေကြပါတယ်။

(Source- Reuters)

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...