မဝတ်ရည်အောင်ကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း

Date:

ဇူလိုင် ၂၆
ပြည့်စုံစွာ ဆေးဝါးကုသမှုမရရှိခဲ့ဘဲ ကွန်လွန်ခဲ့သူ မဝတ်ရည်အောင်ကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း တယ်လို့ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
မဝတ်ရည်အောင်သည် လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် စစ်အာဏာရှင်ကို တိုက်ပွဲဝင်ရင်း ကျဆုံးသွားသူ ဖြစ်တဲ့အတွက် ကျောင်းသားမျိုးဆက် အသီးသီးအတွက် စံနမူနာ ဖြစ်စေဖို့ ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းခဲ့တာလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကတည်းက စစ်အာဏာရှင်ကို တော်လှန်ခဲ့ပြီး ဖမ်းဆီးထောင်ချခံရချိန်မှာလည်း ပုံစံမျိုးစုံနဲ့ တော်လှန်ခဲ့သူ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်း အသက် ၂၅ နှစ်အရွယ် မဝတ်ရည်အောင် သည် ထောင်ဒဏ် ခုနှစ်နှစ် ကျခံနေရသူဖြစ်ပြီး စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး ရရှိခဲ့တဲ့ ဒဏ်ရာတွေကို လုံလောက်စွာဆေးကုသခွင့်မရတာကြောင့် ဇူလိုင်လ ၂၀ ရက်နေ့က အင်းစိန်ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ သူသေဆုံးပြီးတဲ့အချိန်မှသာ အကျဉ်းဦးစီးဌာနက လွတ်ငြိမ်းကို ဖတ်ပြခဲ့တာ ဖြစ်ပါတယ်။
မဝတ်ရည်အောင် ဟာ အတက်ရောဂါ၊ လေဖြန်းရောဂါ၊ သွေးတိုးရောဂါ ခံစားနေရသူဖြစ်ပြီးတော့ အကျဉ်းကျခံရချိန် လေးနှစ်အတွင်းမှာ ဆေးကုသမှု ၁၅ ကြိမ် ပေးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်က ဆိုပါတယ်။
အကျဉ်းထောင်ဆေးရုံမှာ ငါးကြိမ်၊ အိင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ ၁၀ ကြိမ် ဆေးကုသမှုပေးခဲ့တာဖြစ်လို့ စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ ရရှိတဲ့ ဒဏ်ရာတွေကို ဆေးဝါးကုသမှု မရရှိလို့ သေဆုံးတာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ မှာ ထုတ်ပြန်ထားပါတယ်။
မဝတ်ရည်အောင် သည် ဇူလိုင်လ ၁၉ ရက်နေ့မှာ အတက်ရောဂါ ခံစားခဲ့ရပြီးနောက် အကျဉ်းထောင်ဆေးရုံအုပ်က ကုသပေးခဲ့တာ မသက်သာလို့ အင်းစိန်ဆေးရုံကြီးမှာ ဆက်လက် ကုသပေးသော်လည်း အတက်ရောဂါ၊ ဦးနှောက်ရောင်ရမ်းတာ၊ နှလုံးအားနည်းတာကြောင့် ကွယ်လွန်ခဲ့တာလို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကံ့ကော် ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...