ဇူလိုင် ၂၇
မကွေးတိုင်း၊ ပေါက်မြို့နယ်က ဆေးခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။
ဇူလိုင်လ ၂၆ရက် ညနေ ၃နာရီ ၄၅မိနစ်ဝန်းကျင်မှာ ပေါက်မြို့နယ်၊ စံဖဲရွာဆေးခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
“ စုစုပေါင်းနှစ်ဦးသေ၊ နေရာမှာတင် တစ်ဦးသေ၊ တစ်ဦးက နောက်မှသေတာ ထိတာ ကိုးဦး”လို့ ဒေသခံတစ်ဦးက The Nation Voice ကိုပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူကိုးဦးကိုထိမှန်ခဲ့ပြီး သက်ကြီးပိုင်းအရွယ် ဒေသခံနှစ်ဦးသေဆုံးခဲ့ကာ သုံးဦးကတော့စိုးရိမ်ရတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရွာတွေနဲ့ ဘာသာရေးအဆောက်အအုံတွေအပြင် ကျန်းမာရေးဆိုင်ရာအဆောက်အဦးတွေကိုပါ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။
ငြိမ်း ရေးသားသည်။


