ဇူလိုင် ၂၈
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကို အကျဉ်းထောင်များက ဖြေဆိုခဲ့ကြသူများရှိရာ ရန်ကုန်က အင်းစိန် ဗဟိုအကျဉ်းထောင် က ၁၀ဦးနဲ့ မန္တလေးက အိုးဘိုအကျဉ်းထောင်ကနေ ၆ ဦး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
အကျဉ်းထောင်မှ အောင်မြင်သူ ၁၆ ဦးထဲမှာ သုံးဘာသာဂုဏ်ထူးက ၆ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးက ၄ ဦး နဲ့ တစ်ဘာသာ ဂုဏ်ထူးက ၄ ဦး ရရှိခဲ့လို့ ရိုးရိုးအောင်သူ နှစ်ဦးသာ ရှိပါတယ်။
ငလျင်ကြောင့် စာဖြေလွှာများ မီးလောင်ပျက်စီးခဲ့မှုကြောင့် ဒုတိယအကြိမ် ပြန်လည်ဖြေဆိုရသူများထဲတွင် အိုးဘိုထောင်မှ စာဖြေသူများလည်း ပါဝင်ခဲ့ပါတယ်။
ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မှာ ဖြေဆိုသူကျောင်းသားကျောင်းသူတွေ မနှစ်ကထက်များခဲ့ပေမယ့် အောင်ချက်ရာခိုင်နှုန်းကတော့ လျော့နည်းခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲတွင် တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူက မကွေးတိုင်း စကုမြို့တွင် ပညာသင်ကြားခဲ့သူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီးမှာ ဖြေဆိုသူက ၁၇,၈၇၇ ဦးရှိပြီးတော့ တစ်သောင်းနီးပါ အောင်မြင်ခဲ့တာဖြစ်လို့ အောင်ချက်ရာနှုန်းက ၅၂ ရာခိုင်နှုန်းရှိပါတယ်။
ကံ့ကော် ရေးသားသည်။


