ဇူလိုင် ၃၁
နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ နကစဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ယူထားသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာမယ့်ရွေးကောက်ပွဲကို ဒီဇင်ဘာလမှာ ကျင်းပမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လေးနှစ်ခွဲတာကာလအတွင်း မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်တွေ ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းအနားကို ဇူလိုင်လ ၃၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
“ပထမစာမျက်နှာကတော့ ကျွန်တော်တို့ ကျော်ခဲ့ပြီးပြီ၊ ဒုတိယစာမျက်နှာအစကို ကျွန်တော်တို့သွားတာပေါ့” လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ကျေးဇူးတင်စကားတွေထဲမှာ အာဏာသိမ်းစစ်တပ်အာဘော်အတိုင်း ၁၉၈၈ ခုနှစ်ကနေ လက်ရှိအချိန်အတွင်း မှာရှိတဲ့ နိုင်ငံရေး၊ လူမှုရေး ၊ စီးပွားရေးတွေကိုသုံးသပ်ပြောကြားသွားတာမျိုးရှိပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ ဂုဏ်ပြုတွေ့ဆုံပွဲအရ ဒီနေ့မှာ ကျင်းပမယ့် ကာလုံအစည်းအဝေးမှာ တစ်ခုခု ပြောင်းလဲနိုင်မယ်လို့ သုံးသပ်နေကြပါတယ်။
ကံ့ကော် ရေးသားသည်။