တပ်မ ၁၀၁ ကို လက်နက်ကြီးနဲ့ပစ်ခတ်

Date:

ဩဂုတ် ၄
မကွေးတိုင်း၊ ပခုက္ကူမြို့ တပ်မ ၁၀၁ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂ရက် နေ့လယ် ၁နာရီကစပြီး တပ်မ ၁၀၁ကို ၆၀ မမလက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ကာ ဗုံးသီးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
အခုလို ပစ်ခတ်ခဲ့တာကြောင့် တပ်မ ၁၀၁ကနေ စက်တပ်လေထီးနှစ်စီးနဲ့ တော်လှန်ရေးအဖွဲ့တွေ လက်နက်ကြီးပစ်ခတ်ရာနေရာကို စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး မြေပြင်ကပါ စစ်ကြောင်းထိုးလာတော့ ပြန်လည်ဆုတ်ခွာခဲ့ရတာလို့ထုတ်ပြန်ထားပါတယ်။
ပြန်လည်ဆုတ်ခွာချိန်မှာလည်း စက်တပ်လေထီးနှစ်စီးက နောက်ကနေလိုက်ပစ်တာကြောင့် တော်လှန်ရေးအဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ထိရောက်မှုမရှိခဲ့ဘဲ အာဏာသိမ်းစစ်တပ်က မြေပြင်ရော ဝေဟင်ကပါပိတ်ဆို့တိုက်ခိုက်လို့ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အခုလိုပိတ်ဆို့ခံရတာကြောင့် ရဲဘော်တချို့ ပိတ်မိခဲ့ပေမယ့် ပြန်လည်လွတ်မြောက်လာကာ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ပြီး အာဏာသိမ်းစစ်တပ်ရဲ့ ထိခိုက်သေဆုံးမှုအခြေနေကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို Burma Revolution Rangers တပ်ဖွဲ့(B.R.R)၊ Pakokku People Defense Force (P.P.D.F)နဲ့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
ငြိမ်း ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...