ဩဂုတ် ၆
မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force -Yenangyaung က ဒီကနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်ထုတ်ထားတဲ့ ဩဂုတ်လ ၆ရက် ဒီနေ့မနက်ပိုင်းကစပြီး အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခွင့်တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။
ထုတ်ပြန်ချက်ကို မလိုက်နာရင် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ကိစ္စတွေကို လုံးဝ (လုံးဝ) တာဝန်ယူဖြေရှင်းသွားမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလမ်းပိုင်းကို နောက်ထုတ်ပြန်ချက်မထုတ်သရွေ့ ဖြတ်သန်းသွားလာခွင့်ကို တားမြစ်လိုက်တယ်လို့သိရပါတယ်။
ဂွေးကုန်း-ဝက်ချုပ်-နတ်မောက်လမ်းဟာ ရေနံချောင်းမြို့နယ်နဲ့ နတ်မောက်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ လမ်းဖြစ်ပြီး လမ်းမကြီးဖြစ်ပြီး အဲဒီလမ်းမကြီးရဲ့ အရှည်ဟာ စုစုပေါင်း ၂၉ မိုင် ၇ ဖာလုံရှိပါတယ်။
ငြိမ်း ရေးသားသည်။