အညာသူတွေကိုပစ်မှတ်ထားနေတဲ့ တရုတ်ဇနီးမယားပွဲစားများ

Date:

 

စစ်ပွဲတွေနဲ့ မတည်ငြိမ် မအေးချမ်းတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ဇာတိရွာ မှာကျန်နေတဲ့ မိအိုဖအိုတွေကို ထောက်ပံ့နိုင်ဖို့ မန္တလေးက ရှမ်းခေါက်ဆွဲဆိုင်မှာ စားရိတ် ငြိမ်း တစ်လတစ်သိန်းခွဲနဲ့ မသင်းသင်းဟာ စားပွဲထိုးဝင်လုပ်ပါတယ်။

မန္တလေးရောက်ပြီး ၆ လအကြာမှာ ဆိုင် မှာလာစားတဲ့ လူပွဲစားမတစ်ယောက်ရဲ့ စား ရိတ်ငြိမ်းဆယ်သိန်းရမယ်ဆိုတဲ့ ဆွဲဆောင်မှု နဲ့ တရုတ်နိုင်ငံကို ရောက်ရှိကာ တရုတ်မယား အဖြစ်ရောင်းစားခံခဲ့ရတာပါ။

“ပွဲစားမကို ဆက်သွယ်လို့လည်း မရ၊ တရုတ်ပြည်ထဲ အတူဝင်လာတဲ့ အဖော် တွေကိုလည်း ဆက်သွယ်မရတော့ဘူး ” လို့ အသက် ၂၁ နှစ်အရွယ် မသင်းသင်းက သူကြုံ ခဲ့ရတာကို ပြန်ပြီးပြောပြပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ဒေသခံတွေဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ လက်နက် ကိုင်ပဋိပက္ခရဲ့ ဆိုးရွားတဲ့အကျိုးသက်ရောက်မှုကို ကြီးမားစွာရင်ဆိုင်နေရပြီး နေ့စဉ်စားဝတ်နေရေးဖြေရှင်းနိုင်ဖို့ ရန်ကုန်၊ မန္တလေး အပါအဝင် ပြည်တွင်း၊ပြည်ပ နိုင်ငံ ရပ်ခြားကို အလုပ်လုပ်ကိုင်ဖို့ ရွှေ့ပြောင်းနေ ကြရသူတွေအများအပြားပါ။

ဒီလို အခြေအနေမှာ စားဝတ်နေ ရေးကြပ်တည်းလာတဲ့ မိသားစုတွေထဲက အမျိုးသမီးငယ်တချို့ဟာ လူကုန်ကူးပွဲစားတွေရဲ့ သားကောင်ဖြစ်လို့လာပါတော့တယ်။

လူကုန်ကူးပွဲစားတွေဟာ Facebook, WeChat, Telegram, Tik Tok စတဲ့ လူမှုကွန်ယက်တွေကနေ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်တယ်လို့ ဆွဲဆောင်နေကြသလို တချို့ကတော့ တရုတ်ဇနီးမယားပြုလုပ်ဖို့ကို မက်လောက်တဲ့ ငွေကြေးနဲ့ ပေါ်ပေါ်ထင်ထင် မြူစွယ်လာကြတာကိုလည်း တွေ့မြင်လာရပါတယ်။

တချို့ပွဲစားတွေကတော့ လုပ်ငန်းအမျိုးအစား လိမ်လည်ခေါ်ဆောင်ပြီး တရုတ ပြည်ထဲရောက်မှ မြန်မာမိန်းကလေးတွေကို တရုတ်မယားအဖြစ်ရောင်းစားသွားကြတာပါ။

တရုတ်ရဲ့ ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရသူ မသင်းသင်းကတော့ ဘယ်သူနဲ့မှ အဆက်အသွယ်မရတော့တဲ့အတွက် တရုတ်အမျိုးသားကို ရှိခိုးတောင်းပန်ပြီး သူ့ကို ပြန်လွှတ်ပေးဖို့ အသနားခံခဲ့ပေမယ့် တရုတ်အမျိုးသားက ပြန်လွှတ်မပေးခဲ့ပါဘူးလို့ဆိုပါတယ်။

ဇနီးအဖြစ် ပေါင်းသင်းခဲ့ရပြီး ၄ လပြည့် တဲ့နေ့မှာ မသင်းသင်းဟာ တရုတ် ရဲစခန်းကို ထွက်ပြေး ဖမ်းဆီးခံခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ဇနီးမယားအဖြစ် ရောင်းစားဖို့စည်းရုံးမြူဆွယ်မှုတွေ မက်လုံးပေးမှုတွေ ကို စောင့်ကြည့်လေ့လာနေသူ မန္တလေးက ရှမ်းအမျိုးသမီးတစ်ဦးကတော့ အောက်ပါ အတိုင်းသုံးသပ်ပါတယ်။

“အခုနောက်ပိုင်းမှာ လူပွဲစားတွေက ပေါ်တင်ပဲ စည်းရုံးကြတော့တာ။ တရုတ်ပြည်မှာ တရုတ်မယား လုပ်ရမယ်၊ လစာတွေလည်း ကောင်းတယ်၊ ဘာမှလုပ်စရာမလိုဘူး၊ ကလေးမွေးလာရင်လည်း ကလေးကို ပြုစုရင်းနဲ့ပဲ နေရမယ်လို့ လိမ်ညာပြီးစည်းရုံး ကြတယ်”လို့ ဆိုပါတယ်။

လိမ်ညာခံရတဲ့ အမျိုးသမီးတွေဟာ တရုတ်နိုင်ငံသားရဲ့ ဇနီးအဖြစ်လက်ထပ်နိုင်ပေမယ့် မြန်မာနိုင်ငံကလာတဲ့သူတွေကို တရားဝင်အလုပ်လုပ်ခွင့် ပေးမထားဘူးလို့ တရုတ်နိုင်ငံရဲ့ ဥပဒေမှာဖော်ပြထားတယ်လို့ အဆိုပါ ရှမ်းအမျိုးသမီးကထောက်ပြပါတယ်။

“မြန်မာမိန်းကလေးကို ယူတယ်ဆိုတဲ့ သူတွေက သူတို့ကို သူတို့နိုင်ငံသူတွေက မယူလို့၊ မြန်မာအမျိုးသမီးကို ပိုက်ဆံပေး ဝယ်ကြတဲ့သဘောပဲ၊ ချမ်းသာလို့ မဟုတ်ဘူး။ အဲဒီတော့ သူတို့က တကယ်ပိုက်ဆံပေးခဲ့ရင်တောင် အစပိုင်းပဲ အဆင်ပြေကြလေ့ရှိတယ်။ နောက်တစ်ခုက ကိုယ်ကအခန်းကျဉ်းထဲမှာ တစ်ယောက်ထဲ အထီးကျန်ပြီး ဘဝကိုဖြတ်သန်းရလိမ့်မယ်” လို့ သူမက ဆိုပါ တယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက် နေ့က တရုတ်မယားအဖြစ် ပေါင်းသင်းဖို့နဲ့ အငှါးကိုယ် ဝန်ဆောင်ပေးဖို့အတွက် မြန်မာ အမျိုးသမီးငယ် ၁၄ ဦးကို တရုတ်ပြည်ဘက် ကို ပို့ဆောင်မယ့် မန္တလေးအခြေစိုက် လူကုန်ကူးဂိုဏ်းတစ်ခုကို ဖမ်းမိခဲ့တဲ့အကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့ရဲ့ ထုတ် ပြန်ချက်မှာတွေ့ရပါတယ်။

အခုလို ဖမ်းဆီးရမိတာက လက်တွေ့ အခြေ အနေတွေရဲ့ မပြောပလောက်တဲ့ ပမာဏတစ်ခုသာဖြစ်ပြီး လက်ရှိမှာ တရုတ်နိုင်ငံကိုရောက်ရှိနေသူတွေရဲ့ အကူအညီ တောင်းသံတွေ မကြာခဏထွက်ပေါ်နေတယ် လို့ တရုတ်ဇနီးမယား အဖြစ်ရောင်းစားခံရမှု တွေကို စောင့်ကြည့်နေတဲ့ အမည်မဖော်လို တဲ့ ရှမ်းအမျိုးသမီးက ထောက်ပြပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ အများ အပြားရောက်ရှိနေကြတဲ့ ရန်ကုန်နဲ့ မန္တလေး တို့လို မြို့ကြီးတွေမှာ လူကုန်ကူးသူတွေ ဒုနဲ့ဒေး ရှိနေပါတယ်။ မိသားစုအခက်အခဲ ရှိတဲ့ အမျိုးသမီးငယ်တွေကို ပစ်မှတ်ထား တဲ့ လူကုန်ကူးသူတွေဟာ “မိသားစုကို ပိုမို ထောက်ပံ့ပေးနိုင်မယ်၊ ကြွေးမြီတွေ ပြန် ဆပ်နိုင်မယ်” ဆိုပြီး လူသုံးများတဲ့ လူမှုကွန်ရက်တွေကတဆင့်မက်လုံးပေးစည်းရုံးမြူဆွယ်စုဆောင်းနေကြတာပါ။

မသင်းသင်းကတော့ မန္တလေးမြို့က ရှမ်းခေါက်ဆွဲဆိုင်မှာအလုပ်လုပ်စဉ်က ရွာ ကအမေ့ဆီ လစာထဲက တသိန်းပြန်ပို့နိုင်ခဲ့ပြီး တရုတ်ပြည်အလုပ် ဆယ်သိန်းကို ယုံစားမိပြီးနောက်မှာ ဘဝပါပျက်ပြီး ထောင်ပါကျခဲ့ ရတယ်လို့ ဆိုပါတယ်။

အခုတော့ မသင်းသင်းဟာ ရန်ကုန်မြို့က စက်ချုပ်ဆိုင်တစ်ခုမှာ အထည်ချုပ် သင်ရင်း မှန်ကန်တဲ့အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို အားပြုလုပ်ကိုင်နေပါပြီ။

“တကယ်တော့ အွန်လိုင်းမှာ အလိမ် အညာတွေကများလွန်းပါတယ်၊ ယုံလောက် အောင်လည်း လိမ်နိုင်ကြတယ်လေ” လို့ မသင်းသင်းက ဆိုပါတယ်။

ဆူးငယ် ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...