ကိုစိုးဝင်းဆွေ (အလုပ်အမှုဆောင်ကော်မတီဥက္ကဌ စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်း)
The Nation Voice သတင်းဌာနအနေနဲ့ စစ်ကိုင်းမြေပြင်ပေါ့ဗျာ။ စစ်ကိုင်းအညာဒေသမှာ မြေပြင်မှာကို ဂျာနယ်ထုတ်ဝေဖြန့်ဖြူးတော့မယ်ဆိုတဲ့သတင်းကို သိရတဲ့အခါကျတော့ ကျွန်တော့်အနေနဲ့ စစ်ကိုင်းသားတစ်ယောက်၊ စစ်ကိုင်းပြည်သူတစ်ယောက်၊ စစ်ကိုင်းဒေသက တော်လှန်ရေးသမားတစ် ယောက်အနေနဲ့ အလွန်ကို ကျွန်တော်ဝမ်းသာ အားရဖြစ်မိပါတယ်ဗျ။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ စစ်ကိုင်းမှာက အင်တာနက် ပြတ်တောက်နေတဲ့နေရာတွေ အများကြီးရှိတယ်။ ဆိုတဲ့အခါ ကျတော့ ပြည်သူလူထုအနေနဲ့ တော်လှန်ရေး သတင်းတွေ၊ စစ်ရေးသတင်းတွေ၊ မြေပြင် သတင်းတွေနဲ့ ပတ်သက်လို့ပေါ့ဗျာ၊ အချိန်နဲ့ တပြေးညီမသိရှိရတဲ့ အခက်အခဲတွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့က မြေပြင် မှာ စာစဉ်တွေ၊ စာစောင်တွေ၊ သတင်းစာ တွေ၊ ဂျာနယ်တွေ ပုံစံမျိုး ထုတ်ဝေပြီးတော့ ကျွန်တော်တို့ ဖြန့်ဝေတာက ပြည်သူ
တွေအနေနဲ့ပေါ့ဗျာ သူတို့ သိသင့်သိထိုက် တဲ့ သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူနဲ့ သိရှိနိုင်တဲ့ အခွင့်အရေးရရှိမှာ ဖြစ်တယ်ပေါ့။ ဒါဟာ ကျွန်တော်တို့ မြေပြင်ရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းတာလည်းရောက် ပါတယ်။
နောက်တစ်ချက်ကကျတော့ ကျွန်တော် တို့ စစ်ကိုင်းပြည်သူလူထု အနေနဲ့က တော်လှန်ရေးလည်း အားကောင်းတဲ့ဒေသ ဖြစ်တယ်ဗျာ။ တော်လှန်ရေးရပ်ဝန်းဇုံကြီး လည်း ဖြစ်တယ်ဆိုတော့ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ ဘာကြောင့်တော်လှန်နေရသလဲဆိုတဲ့ တော်လှန်ရေးရဲ့ ရည်ရွယ်ချက် တွေ၊ တော်လှန်ရေးရဲ့ သဘောတရားတွေပေါ့ဗျာ ဖက်ဒရယ်လစ်ဇင်၊ အောက်ခြေ ကနေအထက်ကို ပြန်ပြီးတော့ ချည်းကပ်မှုနည်းနာဆိုတာ ဘယ်လိုဟာလဲ၊ စုပေါင်း ခေါင်းဆောင်မှု ဆိုတာက ဘယ်လိုဟာလဲ ဆိုတဲ့ တော်လှန်ရေးရဲ့ အခြေခံနိုင်ငံရေး သဘောတရားတွေကိုလည်းပဲ ပြည်သူတွေ ကြားထဲမှာ များများဖြန့်ဝေနိုင်ဖို့လိုမယ်ထင်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်တယ်ဆိုတဲ့ နေရာမှာ ဒီမိုကရေစီဆိုတာ ပြည်သူ့ရေချိန် မြင့်မားမှသာလျှင် ဒီမိုကရေစီစနစ်က ခိုင်ခန့်တယ်ပေါ့ဗျာ။ အားကောင်းတယ် ဆိုတဲ့ သဘောရှိပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့က နိုင်ငံရေးအယူ အဆတွေ၊ တော်လှန်ရေးရဲ့ ရည်မှန်းချက် ပန်းတိုင်တွေနဲ့ ပတ်သက်လို့ အခြေခံလောက်ကတော့ဗျာ လူတိုင်း သိရှိနားလည်ထားသင့်တယ်။ အခြေခံရှိပြီးသားလူတွေကလည်း ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ဖို့ လိုအပ်နေပါတယ်။
ဒီကွက်လပ်ကို The Nation Voice သတင်းစာက မြေပြင်မှာ စာစဉ်ထုတ်ပြီးတော့ ဖြန့်ဝေမယ်ဆိုတော့ ဒီကွက်လပ်ကို တစ်စုံတစ်ရာအထိ ဖြည့်ဆည်းပေးနိုင်မယ်လို့တော့ ကျွန်တော်က မျှော်လင့်ပါတယ်။ ဆက်လက်ပြီးတော့လည်း ပုံမှန်ပေါ့ဗျာ ငါး လ တန်သည် ခြောက်လ တန်သည် မဟုတ် ဘဲနဲ့ ဒါကို ရေရှည်အစီစဉ် တစ်ခုအနေနဲ့ ပုံမှန် ပြည်သူတွေကြားထဲမှာ ဖြန့်ဝေပေး မယ်၊ ပြန့်နှံ့အောင်ဆောင်ရွက်ပေးမယ်ဆိုရင် တော့ အတိုင်းထက်အလွန်ဖြစ်မယ်လို့ ဒီလိုပဲ ကျွန်တော်ထင်မြင်မိပါတယ်။
ကိုလွမ်းသူ (အဖွဲ့ဝင် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံ လူထုသပိတ်အဖွဲ့)
ဟုတ်ကဲ့ပါ။ The Nation Voice ဝိုင်း သူ ဝိုင်းတော်သားများ အားလုံးကို ဂုဏ်ယူပါတယ်။
အခုကျွန်တော်တို့ တော်လှန်ရေးကာလ ခူ တော်လှန်မီဒီယာ တစ်ခုလည်းဖြစ် လက်ရှိမှာလည်း တော်လှန်မီဒီယာ တကယ့်ကို တော်လှန်သော မြေပြင်ဆီကို အရောက်ပေးပို့မယ့် The Nation Journal ကို ထုတ်ဝေပြီးတော့မှ ဖြန့်ချိမယ်ဆိုတဲ့ အကြောင်းကြားသိရတဲ့အတွက် ကျွန်တော်တို့ များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ထိုနည်းတူစွာပါပဲ ထွက်ရှိလာမယ့် ဂျာနယ်မှာလည်း တော်လှန်ရေး အကျိုးပြု၊ ပြည်သူလူထုအကျိုးပြုတာတွေ အများကြီး ပါမယ့်လို့လည်း ကျွန်တော်တို့ ယုံကြည် မျှော်လင့်ပါတယ်ခင်ဗျာ။ ဒါကြောင့်မို့ The Nation Voice ဝိုင်းတော်သူ၊ ဝိုင်းတော်သား များနဲ့ The Nation Voice မီဒီယာနဲ့ The Nation Voice ကထွက်လာမယ့် ဂျာနယ် တွေကို အားလုံး အစဉ်တစိုက် ဖတ်ရှုရင်း ကျွန်တော်တို့ တော်လှန်ရေးခရီးကြမ်းကြီးကို ပိုမိုညီညွတ်အောင်၊ ပိုမိုအောင်မြင်အောင်၊
ဆင်နွှဲနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ထွက်ရှိလာမယ့် The Nation Voice ရဲ့ဂျာနယ်တွေမှာ ပြည်သူ တွေသိချင်တဲ့၊ ပြည်သူတွေမြင်ချင်တဲ့၊ ပြည်သူတွေကြားချင်တဲ့ အချက်အလက်တွေ၊ အကြောင်းအရာတွေ၊ စုံစုံလင်လင်၊ သုတ၊ ရသ၊ သတင်းဆောင်းပါး၊ နိုင်ငံရေး အားလုံး အားလုံး ပါဝင်ပြီးတော့မှ ကျွန်တော်တို့ နွေဦးတော်လှန်ရေးကြီး မြန်မြန်အဆုံးသတ် နိုင်ရေးအတွက် အင်မတန်မှအရေးကြီးတဲ့ စတုတ္ထမဏ္ဍိုင် အဖြစ် ဆက်ရပ်တည်နိုင်မယ် လို့လည်း လေးနက်စွာ ယုံကြည်ပြီးတော့ မှ စတုတ္ထမဏ္ဍိုင်ပီပီ ပြည်သူလူထုအကျိုး၊ တော်လှန်ရေးအကျိုးစီးပွားကို အဆုံးသတ် အောင်ပွဲရောက်သည်ထိ ပြည်သူလူထုနဲ့အတူ ထမ်းပိုးသယ်ရွက်ရင်း အခုထက်အောင်မြင် တဲ့ သတင်းမီဒီယာတစ်ခု၊ ပြည်သူလူထုက အားကိုးယုံကြည်တဲ့၊ ပြည်သူလူထုအတွက် သတင်းဦး၊ သတင်းထူးထက် သတင်းမှန်တွေ ကို စဉ်ဆက်မပြတ် တင်ပြပေးနိုင်တဲ့ မီဒီယာ တစ်ခုဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။
အခုလို ဆင့်ကဲကြိုးစားမှုကိုလည်း အထူးတလည် တော်လှန်ရေးရဲဘော်ရဲဘက် တစ်ယာက် အရေးတော်ပုံ တပ်သားတစ်ယောက်အနေနဲ့ မြေပြင်မှာရှိနေသော တော်လှန်ရေးသူ တော်လှန်ရေးသားတစ်ယောက်အနေနဲ့ အထူးပင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။ ကျေးဇူး အများကြီးတင်ပါတယ်။
တူမီးသိမ်းမောင် (အယ်ဒီတာ-တူမီးတော်လှန်ရေးစာစဉ်)
The Nation Voice သတင်းစာက ပေါ့နော်။ အွန်လိုင်းတင်မကဘဲနဲ့ အခုလို on ground မှာပါ publish လုပ်နိုင်မယ် ကြားတော့ ကျွန်တော်တို့ အင်မတန်ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဘာဖြစ်လို့လဲဆို ကျွန်တော်တို့ တကယ့် official သတင်း Channel တွေအနေနဲ့ အပြင်မှာ သတင်းလွှာ မထုတ်ဝေနိုင်ခဲ့တာကြာပြီပေါ့နော်။ ကျွန်တော်တို့ဒီဘက်မြေပြင်မှာလည်း စာစဉ်လေးတွေ ပဲ ကျွန်တော်တို့ ဖြန့်ကျက်ပြီးတော့ ပြည်သူ နဲ့ သတင်းတွေကြားမှာ ပေါင်းကူးအဖြစ်လုပ် ပေးနေရတာလည်း တော်တော်ကြာပြီ။ အခုတော့ ဒါကျွန်တော်တို့ အညာဒေသမှာ ပထမဆုံးပေါ့နော်။ ဖြန့်ကျက်ပြီးတော့ သတင်းလွှာထုတ်ဝေနိုင်မယ်ဆိုတဲ့အပေါ်မှာ ကျွန်တော်တို့ အင်မတန် ဂုဏ်ယူဝမ်းမြောက်တယ်။
ကြိုလည်း ကြိုဆိုပါတယ်။ ကျွန်တော် တို့ လိုအပ်တဲ့အကူညီတွေလည်း တတ်နိုင်သရွေ့ ကူညီသွားဖို့ရှိပါတယ်။ ကူညီသွားဖို့လည်း ကျွန်တော်တို့ ကြိုးစားပါ့မယ်ဆိုတာ လေးကို ပြောကြားလိုပါတယ်ခင်ဗျာ။


