နာနတ်သီးစက်ရုပ်နဲ့ ဝါဆို

Date:

 

ကလေးတို့ရေ မင်္ဂလာပါ။ တစ်ခါတုန်းက အိပ်မက်တိုင်းပြည်ထဲကို ကလေးတွေ ကို ခေါ်ခေါ်သွားတတ်တဲ့ နာနတ်သီး ဆိုတဲ့ စက်ရုပ်လေး ရှိသတဲ့။ နာနတ်သီးစက်ရုပ် ကလေးက အန္တရာယ်များတဲ့ အရာတွေကို သိချင်၊ စမ်းကြည့်ချင်တဲ့ ကလေးတွေရဲ့ အိပ်မက်ထဲကို သွားပြီး အဲဒီကလေးတွေ လုပ်ကြည့်ချင်နေတဲ့ အရာတွေက ဘယ်လောက်တောင် အန္တရာယ်များသလဲဆိုတာကို လက်တွေ့ ပြတတ်တယ်တဲ့။ ဒီလိုပြတော့ ကလေးတော်တော်များများက အန္တရာယ်များတဲ့ အရာတွေအကြောင်းကို သိပြီး အဲဒါတွေကို မလုပ်ဖြစ်ကြတော့ဘူးတဲ့။

ဒီနေ့လည်း နာနတ်သီးစက်ရုပ်ကလေးက ဝါဆိုရဲ့ အိပ်မက်ထဲကို သွားဖို့ သွားဖို့ ပြင်နေပါ တယ်။ ဘာလို့လဲဆိုတော့ ဝါဆိုက အမေပြောပြတဲ့ အန္တရာယ်များတဲ့ လက်နက်တွေကို အမေမသိတဲ့အချိန် သွားပြီးခိုးကြည့်ဖို့ ကြံစည်နေလို့ပါ။ ဒီလိုနဲ့ ဝါဆိုအိပ်တဲ့အချိန် အိပ်မက်ထဲကို နာနတ်သီးစက်ရုပ် ဝင်ရောက် သွားပါတော့တယ်။

အိပ်မက်ထဲမှာ ဝါဆိုက ရွာကလူတွေ သွားနေကျ လမ်းမဟုတ်တဲ့ ချုံတွေထူနေတဲ့ လမ်းကို နာနတ်သီးစက်ရုပ်နဲ့ အတူတူ လျှောက်နေပါတယ်။ သွားနေရင်းနဲ့ ဝါဆိုတို့ ရှေ့မှာ မြေကြီးထဲကနေ အဝိုင်းလေးတစ်ခု မြေပေါ်ကို တဖြည်းဖြည်းပေါ်လာပါတယ်။ အဲဒါကတော့ မြေမြှုပ်မိုင်းပါ။ ရုတ်တရက် မြေမြှုပ်မိုင်းပေါ်လာတော့ ဝါဆိုလည်း လန့် သွားပါတယ်။ နာနတ်သီးစက်ရုပ်က ဝါဆို့ကို မိုင်းအမျိုးအစား ၂ မျိုးအကြောင်းကို ပြောပြ ပါတယ်။

မိုင်းတွေက အရောင်မျိုးစုံ၊ ပုံစံမျိုးစုံရှိပြီးတော့ အမျိုးအစားက လူသတ်မိုင်းနဲ့ ယာဉ် ဖျက်မိုင်းဆိုပြီး ၂ မျိုးရှိတယ် ဝါဆိုရဲ့။ နင်မြင် နေရတဲ့ မိုင်းက လူသတ်မိုင်း။ နောက်တစ်ခု က ကားတွေ ဆိုင်ကယ်တွေကို ဖျက်ဆီးနိုင် အောင် အားပြင်းတဲ့ ယာဉ်ဖျက်မိုင်း

ရှင်းပြရင်းနဲ့ နာနတ်သီးစက်ရုပ်လည်း သူဖန်တီးထားတဲ့ လူပုံစံ စက်ရုပ်လေးကို သူတို့ရှေ့က မြေမြှုပ်မိုင်းကို နင်းခိုင်းလိုက်တယ်။ မြေမြှုပ်မိုင်းကို နင်းလိုက်တာနဲ့ မိုင်းကထပေါက်ပြီး လူပုံစံ စက်ရုပ်ကလေးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး အပိုင်းပိုင်း ဖြစ်သွားပါတော့တယ်။

အဲဒီကနေ ဆက်သွားတော့ သူတို့ရဲ့ ခြေမျက်စိနားနဲ့ ခြေသလုံးနားလောက် နေရာတွေမှာ သစ်ပင်တစ်ပင်နဲ့ တစ်ပင်ကို ကြိုးလေးတွေ တန်းချီထားတာကို သူတို့တွေ့ လိုက်ရတယ်။

“ဝါဆိုရေ..။ အဲဒါက အစထွက် လူသတ်မိုင်းလို့လည်း ခေါ်တယ်။ တိုက်မိုင်းလို့လည်း ခေါ်တဲ့ မိုင်းပဲ။ အဲဒီကြိုးကို သွားမထိနဲ့နော်။ နာနတ်သီးစက်ရုပ်က ရှင်းပြရင်း နဲ့ လူပုံစက်ရုပ် နောက်တစ်ရုပ်ကို အဲဒီ အစထွက် လူသတ်မိုင်းလို့လည်းခေါ် ပြီး တိုက် မိုင်းလို့လည်း ခေါ်တဲ့ မိုင်းကြိုးကို တိုက်ဆွဲ ခိုင်းလိုက်တယ်။ ကြိုးကို တိုက်ဆွဲလိုက်တဲ့ လူပုံစက်ရုပ်လည်း ခုနကလိုပဲ မိုင်းထပေါက် လို့ စိစိညက်ညက်ကြေသွားတာပေါ့။ အဲဒါကို မြင်ပြီး ဝါဆိုလည်း အရမ်းလန့်သွားတာပေါ့။ ဒီလိုဖြစ်မှာစိုးလို့ အမေက အန္တရာယ်များတဲ့ လက်နက်တွေ ရှိတဲ့နေရာတွေကို မသွားခိုင်းတာဆိုတာကို သိသွားတာပေါ့။

အိပ်မက်ကနေ နိုးလာတာနဲ့ ဝါဆိုလည်း အမေပြောတဲ့အတိုင်း မိုင်းတွေရှိတဲ့၊ အန္တရာယ် များတဲ့ နေရာတွေကို မသွားတော့ဘူး။ အမေ့ ကို မပြောဘဲ၊ အမေမသိဘဲ ဘယ်ကိုမှ မသွား တော့ပါဘူးလို့ ကတိပေးလိုက်သတဲ့။

ဝါဆို (Waso) ရေးသားသည်။

ဂျင် (Jin) သရုပ်ဖော်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...