အညာစာပေစကားဝိုင်းကို အစပြုတော့မယ့် The Nation Voice စစ်ကိုင်းရုံးခွဲ

Date:

 

ဒီတစ်ပတ်မှာတော့ အညာစာပေစကားဝိုင်းလေးအကြောင်းကို စပြီးမိတ်ဆက်ချင်ပါတယ်။ ရေနွေးကြမ်းစကားဝိုင်းကစလို့ လက်ဖက်ရည်စကားဝိုင်းအလယ် နိုင်ငံရေး စကားဝိုင်းတွေအဆုံး အမျိုးမျိုးသော စကားဝိုင်းတွေက လူမှုအသိုက်အဝန်းကြားကအကြပ်အတည်း၊ အခက်အခဲတွေကို အဖြေရှာဖို့ အကောင်းဆုံးသော နည်းလမ်းတွေထဲက တစ်ခုဆိုရင် မမှားပါဘူး။ ဒီမိုကရေစီ တော်လှန်ရေးကာလ မြန်မာ့နိုင်ငံရေးအခင်းအကျင်း၊ လူမှုအဝန်းအဝိုင်းမှာလည်း စကားဝိုင်းဆွေးနွေးတဲ့ အလေ့အထကို မွေးမြူနေကြတာ မကြာခဏမြင်တွေ့လာရပါပြီ။

အခုတော့ The Nation Voice စစ်ကိုင်း ရုံးခွဲကဦးဆောင်လို့ ဒေသတွင်းက စာကြည့်တိုက်လေးတစ်ခုမှာ အညာစာပေစကားဝိုင်းကို စပြီးအကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါပြီ။

ပြီးခဲ့တဲ့ စနေနေ့မှာတော့ စကားဝိုင်းလေးကို အစပြုဖို့ ကိုစည်၊ ကိုထွန်း၊ ကိုမိုး၊ အေမီ၊ သီရိ၊ နေခြည် စတဲ့ လူငယ် ၆ ဦးက စစ်ကိုင်းဒေသရဲ့ တစ်နေရာ စာကြည့်တိုက်လေးအတွင်းမှာ စပြီးတွေ့ဆုံခဲ့ကြပါတယ်။

ဒီတစ်ပတ်မှာတော့ အခုနောက်ပိုင်း လူငယ်တွေဖတ်ရှုလေ့ရှိတဲ့ မော်ဒန်ဆန်တဲ့ အချစ်ဝတ္ထုတစ်ပုဒ်နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ ဒီဝတ္ထုလေးရဲ့ ဇာတ်ကောင်တွေ က ဖော်ကျူးလာတဲ့ ချစ်ခြင်းမတ္တာ၊ ပေးဆပ် မှုနဲ့ အခြားသော ဇာတ်ကောင် စရိုက်တွေကို အကြိတ်အနယ်ဆွေးနွေးခဲ့ကြပါတယ်။

အခုစကားဝိုင်းလေးက ပထမဆုံးသော စာပေစကားဝိုင်းလေးဖြစ်လို့ ဒီစကားဝိုင်းလေးအကြောင်းကို စာတစ်တန်၊ ပေတစ်တန် မှတ်တမ်းတင်ဖို့တော့ အခက်အခဲတွေရှိနေဆဲပါ။ ဆွေးနွေးကြသူ ညီငယ်၊ ညီမ ငယ်တို့ကလည်း ဒီဆွေးနွေးမှုကို အသားကျဖို့ ကြိုးစားကြဆဲပဲဖြစ်ပါတယ်။

“ဒီလို စကားဝိုင်းတွေလုပ်တာက စာတွေကို ပိုပြီး ဖတ်ဖြစ်တာပေါ့လို့” ဆိုလာသူ ကတော့ သီရိပါ။ နောက်တစ်ပတ် စာဖတ် ဝိုင်းမှာ ဆွေးနွေးနိုင်ဖို့ စာဖတ်ဖို့ ပြင်ဆင်တော့မယ်လို့လည်း အားကြိုးမာန်တက်ဆိုပါတယ်။

The Nation Voice စကားဝိုင်းလေးကနေတဆင့် ကိုယ့်ဒေသရဲ့ လူမှုအဝန်းအဝိုင်းလေးတွေကနေ အခြေပြုတဲ့ ဒေသတွင်းဖွံ့ဖြိုးရေးကိစ္စတွေကို ဆွေးနွေးအဖြေရှာတဲ့ ကောင်းမွန်တဲ့လူမှုအသိုက် အဝန်းလေးဆီကိုရောက်စေဖို့ စစ်ကိုင်းရုံးခွဲတာဝန်ခံကလည်း မျှော်လင့်နေပါတယ်။

The Nation Voice စစ်ကိုင်းရုံးခွဲမှ ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...