နာနတ်သီးစက်ရုပ်နဲ့ အစော

Date:

 

ကလေးတို့ရေ မင်္ဂလာပါ။ တခါတုန်းက အိမ်မက်တိုင်းပြည်ထဲကို ကလေးတွေကို ခေါ်ခေါ်သွားတတ်တဲ့ နာနတ်သီးဆိုတဲ့ စက်ရုပ်လေးရှိသတဲ့။ နာနတ်သီးစက်ရုပ်ကလေးက အန္တရာယ်များတဲ့အရာတွေကို သိချင်၊ စမ်းကြည့်ချင်တဲ့ ကလေးတွေရဲ့ အိမ်မက်ထဲကိုသွားပြီး အဲဒီကလေးတွေလုပ် ကြည့်ချင်နေတဲ့အရာတွေက ဘယ်လောက်အန္တရာယ်များသလဲဆိုတာကို လက်တွေ့ပြတတ်တယ်တဲ့။ ဒီလိုပြတော့ ကလေးတွေ တော်တော်များများက အန္တရာယ်များတဲ့အရာတွေအကြောင်းကိုသိပြီး အဲဒါတွေကို မလုပ်ဖြစ်ကြတော့ဘူးတဲ့။

ဒီတခါတော့ သစ်ပင်တက်ရတာကို အရမ်းကြိုက်တဲ့ အစောဆိုတဲ့ ကောင်လေးရဲ့ အိမ်မက်ထဲကို သွားဖို့ နာနတ်သီးစက်ရုပ်လေး ပြင်ဆင်ပါတော့တယ်။ ဘာလို့ အစောရဲ့အိမ်မက်ထဲကို သွားဖို့လုပ်သလဲ ဆိုတော့ အစောရဲ့ အဖေနဲ့အမေက ခြံထဲက သစ်ပင်တွေကလွဲလို့ တခြားနေရာကအပင်တွေကို သွားမတက်ရဘူးလို့ပြောပေမယ့် အစောက ပြောစကားနားမထောင်လို့တဲ့။

အစောရဲ့အိမ်မက်ထဲမှာ အစောရယ်၊ နာနတ်သီးစက်ရုပ်ကလေးရယ်နဲ့ အတူတူ အိမ်အပြင်ထွက်ပြီး လူတွေ သိပ်မသွားကြတဲ့ တောစပ်က ခြုံတွေကြားထဲက အပင်တွေကို တက်ကြတယ်တဲ့။ အပင်ကြားထဲမှာ ဆော့နေရင်း လူပုံစက်ရုပ်ကလေးက အပင်ကြားထဲညပ်နေတဲ့ ခပ်လုံးရှည်ရှည် အရာလေးတစ်ခုကိုတွေ့ပြီး ဆွဲထုတ်လိုက်တယ်တဲ့။ အဲဒါက အရင်တုန်း က အဲဒီတောစပ်မှာ စစ်ဖြစ်တုန်းက တစ်ဖက် နဲ့ တစ်ဖက် လက်နက်တွေနဲ့ ပစ်ကြရင်း မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ စစ်ကျန်လက်နက်ဖြစ်နေတယ်။

အစောရေ အဖေနဲ့ အမေက အဲဒါကြောင့် အပင်တွေကို လျှောက်မတက်ခိုင်းတာ သိပြီလား။ အိမ်မက်ထဲမှာ မဟုတ်ဘဲ အပြင်မှာသာဆို အစောလည်း လူပုံစံစက်ရုပ်လို အစိတ်စိတ်အမွှာမွှာ ဖြစ်နေလောက်ပြီ

လူပုံစံစက်ရုပ်လေး ဆွဲလိုက်တာနဲ့ စစ်ကျန်လက်နက်ကထပေါက်ပြီး သစ်ပင်ရော လူပုံစံစက်ရုပ်ကလေးရော ‘ဝုန်း’ ဆို တစ်စစီဖြစ်ပြီး ပျောက်ထွက်သွားတယ်။ အဲဒါကို အစောမြင်လိုက်ရတော့ အရမ်းကြောက်ပြီး သစ်ပင်အောက်ကို ဆင်းပြေးရင်းနဲ့ ခြုံတွေ ကြားထဲက နောက်ထပ် စစ်ကျန်လက်နက်တစ်ခုကို တိုက်မိပြီး အဲဒီ စစ်ကျန်လက်နက်ကလည်း ‘ဝုန်း’ ဆို ထပေါက်ပြန်ပါရော။ ဒါပေမယ့် အိမ်မက်ထဲမှာဆိုတော့ အစောကတော့ဘာမှမဖြစ်ဘူးပေါ့။

“အစောရေ အဖေနဲ့ အမေက အဲဒါ ကြောင့် အပင်တွေကို လျှောက်မတက်ခိုင်းတာ သိပြီလား၊ အိမ်မက်ထဲမှာ မဟုတ်ဘဲအပြင်မှာသာဆို အစောလည်း လူပုံစံစက်ရုပ်လို အစိတ်စိတ်အမွှာမွှာ ဖြစ်နေလောက်ပြီ”

နာနတ်သီးစက်ရုပ်လေး ပြောနေတုန်းမှာပဲ အစောလည်း အိမ်မက်ကနေ လန့်နိုးလာတယ်။ အဖေနဲ့အမေက အိပ်မက်ဆိုးတွေမက်နေတဲ့အစောကို ဖက်ထားကြတယ်။ အစောလည်း နောင်ဘယ်တော့မှမသိတဲ့နေရာက အပင်တွေကို တက်တာ၊ အဖေနဲ့ အမေ မသိဘဲ လျှောက်မသွားတာတွေ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်တဲ့။

ဝါဆို (Waso) ရေးသားသည်။

ဂျင် (Jin) သရုပ်ဖော်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...