မိုင်းဆွဲခံရ လို့အာဏာသိမ်းစစ်တပ်က နှစ်ဦးသေဆုံး

Date:

ဇူလိုင် ၄၊ The Nation Voice
သတင်း- TNV စစ်ကိုင်းရုံးခွဲ
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF ရဲ့စစ်ဒေသ တာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။
May be an image of 4 people and text that says "火 BLDF"
ဇူလိုင်လ ၃ရက် နေ့လယ် ၂နာရီ ၄၅မိနစ်ဝန်းကျင်မှာ ချောင်းမြို့မြပုလဲဂိတ်ကနေ ခင်မွန်ရွာဘက်ကို လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး မုံရွာ -မန္တလေးလမ်းပိုင်းတစ်နေရာမှာ ကင်းပုန်းယူဖို့ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
“ကင်းပုန်းယူဖို့ထွက်လာတဲ့ စခ ၁၅ကောင်ခန့်ကို ကျွန်တော်တို့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)ရဲ့ စစ်ဒေသ(၃) သလ္လာဝတီစစ်ကြောင်း-အညာမိုင်းတပ်ခွဲမှ အသင့်စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါခင်ဗျ” လို့ BLDF ရဲ့စစ်ဒေသ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ တပ်သားနှစ်ဦးသေဆုံးတာကို အတည်ပြုနိုင်ခဲ့ပြီး ကျန်တဲ့ ထိခိုက်မှုကိုတော့ သေချာစုံစမ်းနေဆဲလို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ BLDF ရဲ့စစ်ဒေသ တာဝန်ရှိသူတစ်ဦးက The Nation Voice ကိုပြောပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...