ချောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်တိုက်ခိုက်ခံရ

Date:

ဇူလိုင် ၄၊ The Nation Voice
သတင်း- ငြိမ်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ Chauk Revolution Army က ထုတ်ပြန်ထားပါတယ်။
စလေမြို့ ခလရ ၄၁၆က အင်အား ၈၀ ဝန်းကျင်နဲ့ တက်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ချောက်မြို့နယ် မြေပဒုံနဲ့ တောင်သာရွာကြား အရောက် ဇူလိုင်လ ၂ရက် မနက် ၁၁နာရီ ၁၁မိနစ်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးအဖွဲ့တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မိနစ် ၉၀ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သုံးဦးသေဆုံးတာကို မျက်မြင်တွေ့ခဲ့ပြီး အရာရှိတစ်ဦးအပါအဝင် ၁၅ဦးခန့်အပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက် ၄၀ မမနဲ့ ၆၀ မမ လက်နက်ကြီး၊ RPG၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး လေကြောင်းပစ်ကူ သုံးကြိမ်ပေးခဲ့ပေမယ့် တော်လှန်ရေးအဖွဲ့တွေ အထိခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Chauk Revolution Army၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်/ပေါက်ပကဖ)၊ မကွေးခရိုင်အမှတ် ၁တပ်ရင်း၊ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချောက်ပကဖ)နဲ့ ဒေသခံမဟာမိတ်တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တယ်လို့ Chauk Revolution Army ကထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...