The Nation Voice Journal သည် ဖုန်းလိုင်းအင်တာနက်လိုင်းများဖြတ်တောက်ခံထားရသည့် မြန်မာနိုင်ငံ အလယ်ပိုင်းအတွက် ရည်ရွယ်ပြီး Central Myanmar Edition အဖြစ် စတင်ထုတ်ဝေလိုက်ပါသည်။
The Nation Voice သတင်းဌာနအနေဖြင့် အင်တာနက်ဖြတ် တောက်ခံထားရသည့် ဒေသများမှ ပြည်သူများ၏ အခြေခံအခွင့် ရေးများဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် သတင်းသိပိုင်ခွင့် အတွက် သတင်းဂျာနယ်ကို ရည်ရွယ်ထုတ်လုပ် ဖြန့်ချိသွားမည်ဖြစ်ပါသည်။
The Nation Voice သည် တိုင်းပြည်နှင့်ပြည်သူကို ချစ်မြတ်နိုး သည့်စိတ်ကိုအခြေခံထားပြီး မည်သည့်အမုန်းတရားများကိုမှ လက်မခံ ဆန့်ကျင့်ပါသည်။
The Nation Voice ၏ တိုင်းပြည်နှင့် ပြည်သူကို ချစ်မြတ်နိုး စိတ်သည် လူ့ဂုဏ်သိက္ခာနှင့် ဒီမိုကရေစီစံနှုန်းများကို မြတ်နိုးတန်ဖိုး ထားစိတ်ကို အခြေခံထားပါသည်။
အထူးသဖြင့် သတင်းမီဒီယာစံနှုန်းတန်ဖိုးများ လေးစားတန်ဖိုးထားလိုက်နာသည့် သတင်းမီဒီယာတစ်ခုဖြစ်ကြောင်း အသိပေးလိုပါသည်။ ပစ္စက္ခ ဆက်သွယ်ရေးနည်းပညာခေတ်ကြီးတွင် အမုန်း တရားများ၊ အငြိုးအတေးများ အာဃာတများကို လူကြီးများက တွင်တွင်ကျယ်ကျယ် ဖြန့်ချိနေချိန်တွင် အနာဂါတ် မျိုးဆက်သစ် ကလေးငယ်များကို မတူကွဲပြားမှုများကို လက်ခံပြီး လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားနိုင်ရန်အတွက် ပေါင်းကူးပေးသွားပါမည်။
ယခုထုတ်ဝေသည့် သတင်းဂျာနယ်သည် လတ်တလောတွင် စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူများအတွက် ရည်ရွယ်ထုတ်ဝေသွား မည်ဖြစ်ပြီး နောင်တွင် ထပ်မံချဲ့ထွင်၍ မြန်မာနိုင်ငံအလယ်ပိုင်းမှ ပရိသတ်များအတွက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။
The Nation Voice သတင်းဂျာနယ်အား လစဉ် ၁ ရက်နေ့ နှင့် ၁၅ ရက်နေ့တို့တွင် တစ်လလျှင် ၂ ကြိမ် ပုံမှန်ထုတ်လုပ်သွားရန် ရည်ရွယ်ထားပါသည်။


