စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ကိုခြေရာကောက်ခြင်း

Date:

 

အပိုင်း( ၂ )

The Nation Voice အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ရေးဆွဲနေတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)နဲ့ပတ်သက်ပြီး ဆက်လက်ဆွေးနွေးသွားပါမယ်။

အပတ်စဉ်ဖော်ပြနေတဲ့ ဒီဆောင်းပါးက စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)ကို ဝေဖန်ပစ်တင်ခြင်းမဟုတ်ဘဲ အများပြည်သူအကျိုးစီးပွါးကို ရှေ့ရှုတဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးဝေဖန်မှုပုံစံဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရဲ့ အခန်း (၁၈) ကို ဖော်ပြသွားမှာပါ။ လာမယ့် အပတ်တွေမှာတော့ လွှတ်တော်က တာဝန်ရှိသူတွေနဲ့ တိုက်ရိုက် ချိတ်ဆက် ဆွေးနွေးနိုင်ဖို့လည်း The Nation Voice ကကြိုးစားနေပါတယ်။

ဒီဥပဒေရဲ့ အခန်း(၁၈)ကတော့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့ ဥပဒေပြုခွင့်ရှိတဲ့ နယ်ပယ်တွေနဲ့ ပတ်သက်လို့ ရေးဆွဲထားပါတယ်။ အဲဒီလိုရေးဆွဲထားရာမှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်က ပြည်ထောင်စုအစိုးရ နှင့်ထပ်တူ ဥပဒေပြုခွင့်အာဏာရှိတဲ့ ရေးရာကိစ္စတွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အနေနဲ့ သီးခြားဥပဒေပြုခွင့်အာဏာရှိတဲ့ ရေးရာကိစ္စတွေဆိုပြီး အမျိုးအစား ၂ ခု ခွဲခြားထားပါတယ်။ တဆက်တည်းဖော်ပြထားတာကတော့ စစ်ကိုင်းဖက်ဒရယ်ယူနစ်က ပြည်ထောင်စုအစိုးရနဲ့ ထပ်တူ ဥပဒေပြုခွင့် အာဏာရှိတဲ့ ရေးရာကိစ္စတွေဟာ နောင်ထွက် ရှိလာမယ့် ပြည်ထောင်စုအစိုးရရဲ့ ဥပဒေတွေ အကြား ဆန့်ကျင်မှုတွေ ရှိလာရင်တော့ ပြည်ထောင်စုအစိုးရရဲ့ ဥပဒေတွေကသာ အတည်ဖြစ်တယ်လို့ ဆိုပါတယ်။

အခုတော့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အရ ဘယ်ကဏ္ဍတွေမှာ ပြည်ထောင်စုအစိုးရ နဲ့ထပ်တူ ဥပဒေပြုခွင့်ရှိလဲ ဆိုတဲ့အပိုင်းကို ဆက်သွားရအောင်ပါ။ ဒီအပိုင်းကိုတော့ ဥပဒေ(မူကြမ်း)မှာ ဖော်ပြထားတဲ့အတိုင်း တိုက်ရိုက်ဖော်ပြသွားပါမယ်။

(က) နယ်စပ်လုံခြုံရေး၊ (ခ) ဖက်ဒရယ်ယူနစ်တပ်ဖွဲ့များ ဆင့်ခေါ်ခြင်းမှာ စီမံခန့်ခွဲခြင်း၊ (ဂ)ဆေးတက္ကသိုလ်များနှင့် များနှင့် ဆေးနှင့်နှီးနွယ်တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ (ဃ) ဖွားသေစာရင်းမှတ်ပုံတင်ခြင်း၊ (င) သဘာဝဘေးအန္တရာယ်နှင့် ကပ်ရောဂါ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲခြင်း၊ (စ) သိပ္ပံ နှင့်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ပညာရပ်ဆိုင်ရာ သုတေသန များ၊ (ဆ) ရှေးဟောင်း သမိုင်းဝင် ယဉ်ကျေးမှုများ၊ (ဆ) အမွေအနှစ်များဖော်ထုတ်ခြင်းနှင့် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်း၊ (ဇ) ယဉ်ကျေးမှု တက္ကသိုလ်များ၊ (၅) လျှပ်စစ်နှင့် စွမ်းအင် ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ (ည) ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းဆိုင်ရာ ကိစ္စများ၊ (ဋ) ပြည်ထောင်စုနှင့်သက်ဆိုင်သည့် မြေယာစီမံခန့်ခွဲမှုဆိုင်ရာကိစ္စများ၊ (ဌ) သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စများ၊ (ဍ)ပြည်ထောင်စု င်စု နှင့်သက်ဆိုင်သည့် လမ်းပန်းဆက်သွယ်ရေး နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ (ဎ) ပြည်ထောင်စုအတွင်း ရောင်းဝယ်ခွန်၊ စီးပွားရေးလုပ်ငန်းခွန်၊ အမြတ်ခွန် ယစ်မျိုးခွန်၊ ဆိပ်ကမ်းခွန် အပါအဝင် အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်များ၊ (ဏ) နယ်စပ်ကုန်သွယ်ရေးနှင့် အခွန်ကောက်ခံခြင်း၊ သွင်းကုန်ထုတ်ကုန် နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ပြည်ထောင်စုအတွင်း ကုန်သွယ်ရေးကိစ္စများ၊ (တ) အခွန်ဘဏ္ဍာခွဲဝေခြင်း၊ (ထ) နိုင်ငံတကာ ငွေကြေး ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း ကိစ္စရပ်များ၊ (ဒ) နိုင်ငံခြားရင်းနှီးမြှုပ်နှံခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ (ဓ) ဘဏ်နှင့် အာမခံ လုပ်ငန်းများ၊ (န)ပြည်သူ့ကြွေးမြီဆိုင်ရာကိစ္စ များ၊ (ဎ) ဝန်ထမ်းလေ့ကျင့်ရေး၊ ဝန်ထမ်းလစာ၊ ချီးမြှင့်ငွေနှင့် ထောက်ပံ့ငွေဆိုင်ရာကိစ္စများ၊ (ဖ) နိုင်ငံရေးတာဝန်ထမ်းဆောင်သူ ပုဂ္ဂိုလ်များ၏ငွေကြေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဆိုင်ရာကိစ္စရပ်များ၊ (ဗ) ပြည်ထောင်စုနှင့် သက်ဆိုင်သည့် အလုပ်သမားဆိုင်ရာ အခွင့်အရေးများ၊ တောင်သူလယ်သမားဆိုင်ရာ အခွင့်အရေးများ၊ မသန်စွမ်းသူများ၊ ကလေး သူငယ်များ၊ အမျိုးသမီးများဆိုင်ရာ အခွင့်အရေးများနှင့် သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ (ဘ) အဆင့် မြင့်ပညာရေးနှင့် အဆင့်မြင့် အသက်မွေးဝမ်း ကြောင်း ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ (မ) ပြည်ထောင်စုနှင့်သက်ဆိုင်သည့် ကျန်းမာရေး ကိစ္စရပ်များ၊ (ယ) မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများ၊ (ရ) ရာဇဝတ်မှု ဥပဒေနှင့် တရားမကျင့်ထုံးဥပဒေဆိုင်ရာကိစ္စ များ၊ (လ) လူဦးရေသန်းခေါင်စာရင်းကောက်ခံခြင်း၊ (ဝ) ဒုက္ခသည်ရေးရာနှင့် နိုင်ငံရေးခိုလှုံ ခွင့်ဆိုင်ရာ ကိစ္စရပ်များ၊ (သ) အသင်းအဖွဲ့ များနှင့် သမဂ္ဂများဖွဲ့စည်းခြင်း၊ (ဟ) ဓလေ့ ထုံးတမ်း ကွဲပြားခြားနားက ကွဲပြားခြားနားသူများအကြား လက်ထပ်ထိမ်းမြားခြင်း၊ အမွေဆက်ခံခြင်း၊ (ဠ) ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းမီဒီယာနှင့် ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ကိစ္စရပ်များ၊ (အ) နိုင်ငံရေးပါတီများဆိုင်ရာ ကိစ္စရပ်များ၊ (က-က) အရေးပေါ်အခြေအနေ ဆိုင်ရာကိစ္စရပ်များ၊ (က-ခ)ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများ ဖွဲ့စည်းခြင်းနှင့် နယ်နိမိတ် သတ်မှတ်ခြင်း၊ ဖက်ဒရယ်ယူနစ်နယ်နိမိတ်သတ်မှတ်ခြင်း၊ (က-ဂ) မဲဆန္ဒနယ်မြေများ ဆိုင်ရာကိစ္စရပ်များ ဖြစ်ပါတယ်။

အခုဖော်ပြခဲ့တာကတော့ စစ်ကိုင်း ဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ (မူကြမ်း) အရ ပြည်ထောင်စုအစိုးရနဲ့ ထပ်တူ ဥပဒေပြုခွင့်ရှိတဲ့ ကဏ္ဍတွေ ဖြစ်ပါ တယ်။ နောက်တစ်ပတ်ဂျာနယ်မှာတော့ စစ်ကိုင်းဖက်ဒရယ်ယူနစ်က သီးခြားဥပဒေ ပြုခွင့်အာဏာရှိတဲ့ ရေးရာကိစ္စတွေကို ဆက် ပြီး ဖော်ပြပါမယ်။

The Nation Voice မှ ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...