မိုးများလို့ နယုန်လစိုက်မြေပဲတွေ ဥ ထွက်နှုန်းလျော့

Date:

ဇူလိုင် ၂၄

မိုးများလို့ နယုန်လစိုက် မြေပဲတွေအတွက် ဥထွက်နှုန်းလျော့လာတယ်လို့ စလင်းမြို့နယ်၊ တညောင်တိုက်နယ်က မြေပဲစိုက်တောင်သူတွေဆီက စုံစမ်းသိရပါတယ်။
“ ဒီနှစ်က မိုးများတယ်။ မိုးများလွန်းတော့ မြေပဲပင်တွေက အပင်တွေကောင်းပြီး ဥကသိပ်မဥဘူး။ တချို့ဆို တစ်ပင်ကို နှစ်ဥသုံးဥပဲပါတယ်။ တချို့ဆို လုံးဝဥမပါဘူး ကတုံးကြီးပဲ အမြစ်ပဲပါတယ်။ ‌နွားစာအတွက်‌တော့ မြေပဲအပင်ကောင်းကောင်းရတာပေါ့” လို့ စလင်းမြို့နယ် တညောင်တိုက်နယ်ထဲက မြေပဲစိုက်တောင်သူ အမျိုးသားတစ်ဦးက The Nation Voice ကို ပြောပါတယ်။
နယုန်လမှာ စိုက်ပျိုးပြီး သုံးလခွဲလောက်ကြာရင် မြေပဲဆွတ်ကြရမှာဖြစ်ပြီး မြေပဲတစ်ဧကကို စိုက်ပျိုးစရိတ် လေးသိန်းခွဲ၊ ငါးသိန်းနီးပါး ကုန်ကျတယ်လို့ ဆိုပါတယ်။
အခုမိုးဟာ နယုန်လမှာ စိုက်ပျိုးတဲ့ မြေပဲစိုက်တောင်သူတွေအတွက် ဥ ထွက်နှုန်းလျော့ပြီး ဝါဆိုလမှာစိုက်တဲ့ တောင်သူတွေအတွက်တော့ စိုးရိမ်စရာမရှိသေးပေမယ့် မိုးပိုများလာရင်တော့ ဝါဆိုလစိုက်တဲ့ တောင်သူတွေပါ ဥထွက်နှုန်းလျော့နိုင်တယ်လို့သိရပါတယ်။
တညောင်တိုက်နယ်ထဲက တောင်သူအများစုဟာ ငရုတ်ကို အဓိကစိုက်ပျိုးကြတာဖြစ်ပြီး မြေပဲကို ဧကအနည်းငယ်သာစိုက်ပျိုးကြတာလို့သိရပါတယ်။
အခုရွာနေတဲ့ မိုးကြောင့် မြေပဲဥထွက်နှုန်းလျော့တာအပြင် ငရုတ်စိုက်ပျိုးမယ့် ယာတွေမှာပါ ပေါင်းတွေစီး(များ)ပြီး ငရုတ်စိုက်ဖို့ အခက်တွေ့တာမျိုးလည်း ကြုံရနိုင်တယ်လို့ တညောင်တိုက်နယ်က ငရုတ်စိုက်တောင်သူတစ်ဦးကလည်း The Nation Voice ကိုပြောပါတယ်။

ငြိမ်း၊ ဟေဇယ် ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...