ဇူလိုင် ၂၄
မန္တလေးမြို့ ၃၉ လမ်းနဲ့ ၈၅ လမ်းမှာရှိတဲ့ ဒုန်းဒုန်းလေး ရွှေဆိုင် (ရွှေနန်းသုခရွှေဆိုင်) ယနေ့ ညနေ လေးနာရီကျော်မှာ ဓါးမြတိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓါးမြတိုက်ခံရလို့ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ မဏိစလလူမှုကူညီရေးအသင်း ကနေ သိရပါတယ်။
အဲဒီလို ဓါးမြတိုက်ရာမှာ ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ အဲဒီအသင်းကနေ သိရပါတယ်။
ရွှေဆိုင်အနီးမှာ နေထိုင်သူအချို့ကလည်း သေနပ်ပစ်ခတ်သံတွေကြားရတယ်လို့လည်း ဆိုပါတယ်။
ရွှေဆိုင် ဓါးမြတိုက်ခံရတာနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို The Nation Voice က စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ကံ့ကော် ရေးသားသည်။


