ဇူလိုင် ၂၄
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က သိမ်းဆည်းထားတဲ့ စစ်တပ်စခန်းတွေကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နေပေမယ့် ဒီနေ့အထိ ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ ဒီနေ့ ညနေမှာ MDY-PDF ကထုတ်ပြန်ထားပါတယ်။
မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့မှာရှိတဲ့ တပ်စခန်းတွေကို သိမ်းဆည်းထားတာပါ စစ်တပ်က ဇူလိုင်လ ၂၄ ရက်နေ့အထိ ပြန်လည်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အဲဒီတိုက်ပွဲတွေမှာ လောက်ကိုင် တိုက်ပွဲမှာ လက်နက်ချခဲ့တဲ့ ခလရ(၂၃၉)တပ်ရင်း က ပုသိမ်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ပါဝင်လာတယ်လို့ လည်း MDY-PDF ကထုတ်ပြန်ထားပါတယ်။
သိမ်းဆည်းရမိတဲ့လက်နက်တွေအပြင် စစ်ကောင်စီစစ်တပ်က ခုနှစ်ဦး ရုပ်အလောင်းကို ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်ကန်သာကျေးရွာက မန္တလေးမြို့နဲ့ ၁၀ မိုင်ဝန်းကျင် လောက် ကွာဝေးတာမို့ လက်နက်ကြီးသံတွေ ကို အောင်မြေသာစံမြို့နယ်ထဲက နန်းရှေ့ကနေ ကြားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်တပ်က တိုက်ပွဲကာလ လေးရက်အတွင်းမှာ လေယာဉ်နဲ့ ဗုံးကြိမ်တိုက်ခိုက်တာ အကြိမ် ၂၀ ထက်မနည်း ရှိခဲ့တယ်လို့ MDY-PDF ကဆိုပါတယ်။
ကံ့ကော် ရေးသားသည်။


