ဇူလိုင် ၂၇
အာဏာသိမ်းစစ်တပ် လက်အောက်ခံ အခြေခံပညာကျောင်းတွေမှာ ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ဦးရေမှာ အရင်နှစ်ကထက် ထက်ဝက်နီးပါး များပေမယ့် အောင်ချက်ရာခိုင်နှုန်းက ကျဆင်းတယ် လို့ ဒီနေ့ ထုတ်ပြန်တဲ့ အောင်စာရင်း အရ သိရပါတယ်။
၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ တစ်နိုင်ငံလုံး နှစ်သိန်းကျော် ရှိခဲ့ပြီး အောင်မြင်သူက ၉၉၉၂၄ ရှိခဲ့ရာ အောင်ချက်က ၄၈ ရာခိုင်နှုန်း ရှိပါတယ်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်ငံလုံး ဖြေဆိုသူ ၁၂၈၈၂၀ ရှိခဲ့ပြီး ခုနှစ်သောင်းကျော် အောင်မြင်ခဲ့ရာ အောင်ချက်က ၆၀ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
ဒီနှစ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ နှစ်ကြိမ် ဖြေဆိုခဲ့ရတဲ့ မန္တလေး၊စစ်ကိုင်း၊နေပြည်တော်နဲ့ ကချင်ပြည်နယ်က စာစစ်ဌာန တွေမှာ လည်း အောင်ချက်ရာနှုန်းက ဖြေဆိုသူအားလုံးရဲ့ ထက်ဝက်နီးပါး သာအောင်မြင်ခဲ့ပါတယ်။
စာမေးပွဲ နှစ်ကြိမ်ဖြေဆိုခဲ့ရတဲ့ မန္တလေးတိုင်းမှာ ဖြေဆိုသူ သုံးသောင်းကျော်မှာ အောင်ချက်က ၅၀ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်က ရှစ်ထောင်ကျော်ဖြေတာ လေးထောင်ကျော် အောင်မြင်ပြီး ၄၈ ရာခိုင်နှုန်း၊ နေပြည်တော် မှာ ဖြေဆိုသူ တစ်သောင်းကျော်ရှိရာ အောင်ချက်က ၄၆ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းမှာ ဖြေဆိုသူ တစ်သောင်းနီးပါးရှိရာ အောင်ချက်က ၄၄ ရာခိုင်နှုန်း ရှိပါတယ်။
ပြည်တွင်းစာစစ်ဌာနတွေထဲမှာ ဖြေဆိုသူ အနည်းဆုံးဖြစ်တဲ့ ကယားပြည်နယ်မှာ ၁၃၂ ဦးဖြေတာ ၆၈ဦး အောင်ပါတယ်။ ချင်းပြည်နယ်မှာ တော့ ၄၀၈ ဦး ဖြေပြီးတော့ တစ်ရာကျော်အောင်မြင်ခဲ့တာမှာ အောင်ချက်ရာခိုင်နှုန်းအနည်းဆုံး ဒေသဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ ကိုးထောင်နီးပါးဖြေဆိုခဲ့တာမှာ ငါးထောင်ကျော်အောင်လို့ အောင်ချက်ရာခိုင်နှုန်း ၅၇ ရာခိုင်နှုန်းနဲ့ အောင်ချက်အများဆုံးဒေသ ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီးမှာ ဖြေဆိုသူက ၁၇၈၇၇ ဦးရေရှိပြီးတော့ တစ်သောင်းနီးပါ အောင်မြင်ခဲ့တာမို့ အောင်ချက်ရာနှုန်းက ၅၂ ရာခိုင်နှုန်းရှိပါတယ်။
ပြည်ပ စာစစ်ဌာနတွေမှာ ဖြေဆိုသူ အယောက် ၂၀ ရှိတာမှာ ၁၉ ဦး အောင်မြင်ခဲ့ပါတယ်။
ကံ့ကော် ရေးသားသည်။


