ဇူလိုင် ၂၈
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဦးပသံသိယ (ခ) ဦးဇာနည်အောင် ပျံလွန်တော်မူခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ကနေ သိရပါတယ်။
ကင်ဆာရောဂါကို ခံစားနေရပြီး မကြာခဏ ဆေးရုံတက်နေရသူ နိုင်ငံရေးအကျဉ်းသား ဦးပသံသိယ (ခ) ဦးဇာနည်အောင် သည် ဇူလိုင်လ ၂၅ရက် ညနေ၄ နာရီခွဲအချိန်မှာ ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။
သက်တော်၃၆နှစ်၊ ဝါတော်၁၆ဝါ ရှိပြီဖြစ်တဲ့ ဦးပသံသိယ (ခ) ဦးဇာနည်အောင်သည် ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ မန္တလေးမြို့မှာ ရှိတဲ့ ပုဂံကျောင်းတိုက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
ပုဒ်မ ၅၀(ည)နဲ့ တရားစွဲခံရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့မှာ ထောင်ဒဏ် (၂၅)နှစ် ချခံထားရသူလည်း ဖြစ်ပါတယ်။
ဟေဇယ် ရေးသားသည်။


