စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အစိုးရအဖွဲ့သစ်တစ်ခုကို ဖွဲ့စည်း၊ ဗိုလ်ချုပ်ကြီး ညိုစောကို ဝန်ကြီးချုပ် အဖြစ် ခန့်အပ်

Date:

ဇူလိုင် ၃၁
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အစိုးရအဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး အဲဒီအစိုးရအဖွဲ့ထဲမှာ ဗိုလ်ချုပ်ကြီးညိုစောကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ကာ/လုံ အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ)အရ ပြည်ထောင်စုအစိုးရအဖွဲ့သစ်တစ်ခု ဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်မှာ ဗိုလ်ချုပ်ကြီးညိုစောကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ပြီး လူအယောက်သုံးဆယ်နဲ့ ဖွဲ့စည်းခဲ့တာပါ။
အဲဒီအစည်းအဝေးမှာပဲ နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့တဲ့ အမိန့်ကို ပယ်ဖျက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီကော်မရှင်ရဲ့ ဥက္ကဌအဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တာဝန်ယူခဲ့ပြီး ကော်မရှင်ကို လူဆယ်ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။
ဇူလိုင်လ ၃၀ရက်နေ့က နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေကို ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းနားကျင်းပပြီး လာမယ့်ဒီဇင်ဘာလမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောခဲ့ပါသေးတယ်။
ငြိမ်း ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...