ပခုက္ကူမြို့ကနေ ပစ္စည်းသယ်ယူခွင့်ကို အာဏာသိမ်းစစ်တပ်က ပိုမိုကန့်သတ်

Date:

ဩဂုတ် ၅
မကွေးတိုင်း၊ ပခုက္ကူမြို့ကနေ ရွာတွေဆီ ပစ္စည်းတွေသယ်ယူခွင့်ကို အာဏာသိမ်းစစ်တပ်က ပိုမိုကန့်သတ်လိုက်တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က The Nation Voice ကို ပြောပါတယ်။
ပခုက္ကူမြို့ကနေ ရွာတွေဘက်ကို ပစ္စည်းတွေသယ်ယူခွင့်ကို ကန့်သတ်ထားတာ တစ်နှစ်လောက်ရှိနေပေမယ့် အခုက သယ်မရအောင်ကို ပိုပြီးတင်းကျပ်ထားတာလို့ဆိုပါတယ်။
“ ခက်တာကတော မပြောပါနဲ့တော့ ပြောပြလို့တောင် မရနိုင်အောင်ပဲ။ စိတ်ဒုက္ခရောက်ကြရတာပေါ့။ အစားအသောက်၊ ဆေးဝါး၊ ကျန်းမာရေးအတွက် ဗျာပါနောက်မတတ် ပူပင်ကြ၊ ကြောင့်ကျကြရတာပေါ့” လို့ ကိုဘိုဘိုသန့်ဇင်ကပြောပါတယ်။
ကမ္မမြို့မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းရှိလို့ ကမ္မက ဈေးဆိုင်တွေ ပိတ်ထားရတာကြောင့်
ပခုက္ကူခရိုင်က ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်၊ ပေါက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်တွေက ဒေသခံတွေဟာ ပခုက္ကူမြို့ပေါ်ကို ဈေးဝယ်၊ သီးနှံရောင်း၊ ဘဏ်ငွေထုတ်၊ ဆေးရုံ၊ ဆေးခန်းပြတို့ လာရာမှာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးစစ်ဆေးပြီး ငွေညှစ်တာနဲ့ အခြေခံစားသောက်ကုန်သယ်ယူခွင့်ကို ပိတ်ပင်ကန့်သတ်နေတာလို့သိရပါတယ်။
အရင်က ဆန် သုံးအိတ်သယ်လို့ရပေမယ့် အခုဆန်ဆို တစ်ပြည်၊ နှစ်ပြည်ထက်ပိုသယ်ခွင့်မပေးတာ၊ အချိုရည်နဲ့ ဘီယာတွေကို အရင်ကသယ်လို့ရပေမယ့် အခုဆိုတစ်ဖာ၊ နှစ်ဖာလောက်ပဲသယ်လို့ရတာ၊ ဆေးကို တစ်ကတ်၊ နှစ်ကတ်ပဲ သယ်ခွင့်ပေးတာနဲ့ အသီးအရွက်ဆိုလည်း အနည်းငယ်ပဲသယ်ယူလို့ရတော့တာအပြင် ကွန်ပျူတာနဲ့ ဖုန်းဆက်စပ်ပစ္စည်းတွေကိုတော့ သယ်ယူခွင့်မပေးတော့ဘူးလို့သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြို့အထွက်ဂိတ်တွေကနေ စစ်ဆေးပြီး ကန့်သတ်ချက်အတိုင်းမသယ်ဘဲ ပိုပြီးသယ်ယူမိရင် သုံးသိန်းကနေ သူတို့တောင်းချင်သလောက်တောင်းတာတွေအပြင် ဖုန်းတွေနဲ့ မှတ်ပုံတင်တွေကိုမှာ စစ်ဆေးတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က အခုလို ပစ္စည်းသယ်ယူခွင့် ကန့်သတ်တာတွေအပေါ် ပြည်သူတွေ စိတ်ပျက်အားလျော့မသွားဘဲ အနိုင်ယူကြမယ်လို့လည်း အညာမြေတပ်ပေါင်းစုရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
ငြိမ်း ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...