ပညာရေး ကဏ္ဍ

ဖက်ဒရယ်ဒီမိုကရေစီပညာရေးကို ဘယ်လိုပြောင်းလဲမလဲ အပိုင်း -၁

  ၁။ ပညာရေး ************* တကယ်တော့ပညာရေးဆိုတာ ပညာရေးပဲဖြစ်ပြီး ရှေ့က ဘယ်နာမဝိသေသနမှ မပါတာအကောင်းဆုံးပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပညာရေးနဲ့ပတ်သက်လို့ အလွဲသုံးမှုတွေရှိလာတဲ့အခါ မျိုးဆက်အလိုက် ခေါင်းပုံဖြတ်မှုတွေရှိလာတဲ့အခါမှာတော့ ပညာရေးရှေ့မှာ နာမဝိသေသနတွေ ထပ်ထည့်ရတာမျိုးတွေရှိလာပါတယ်။ ပညာရေးက လူတိုင်းနဲ့သက်ဆိုင်တဲ့အရာဆိုတဲ့ အခြေခံသဘောကို ပစ်ပယ်ပြီး ဟိုလူနဲ့ပဲဆိုင်တာ ဒီလူနဲ့မဆိုင်ဘူးဆိုတဲ့ အယူအဆတွေတင်သွင်းလာကြတဲ့အခါ ပညာရေးရဲ့ ရှေ့မှာ နာမဝိသေသနတွေပိုတိုးလာရပါတယ်။ အဓိကကတော့...

Popular