ပြည်တွင်းသတင်းများ

အလင်းမဝင်တာကြောင့် တညောင်စခန်းသိမ်းဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ ဆို

ဇူလိုင် ၃၀ စလင်းမြို့နယ်၊ တညောင်တိုင်နယ်၊ တညောင်ရဲစခန်းက ရဲတွေဟာ အလင်းမဝင်တာကြောင့် တညောင်စခန်းသိမ်းဖို့ ဆုံးဖြတ်လိုက်ရတာလို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဇုန် ၃တာဝန်ခံက The Nation Voice ကိုပြောပါတယ်။ “အလင်းဝင်ဖို့ အချိန်ပေးထားတာကြာနေပြီ။ အလင်းမဝင်တာနဲ့ စခန်းသိမ်းဖို့ ဆုံးဖြတ်လိုက်ရတာပေါ့။ တညောင်အနီးတဝိုက်က ပြည်သူတွေကတော့ ပျော်တာပေါ့။ သူတို့ရှိတော့ ကျီးလန့်စာစားဘဝမျိုးနဲ့...

တညောင်ရဲစခန်းကို စလင်းပကဖ မီးရှို့၊ ရဲ ရှစ်ဦးသေဆုံး နှစ်ဦးလက်နက်ချ

  ဇူလိုင် ၃၀ မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်က တညောင်ရဲစခန်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မီးရှို့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ ၃၀ရက်၊ မနက် ၄နာရီ မိနစ် ၅၀မှာ စလင်းပကဖက တညောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ကင်းဘန်ကာတွေကို အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပြီး တညောင်ရဲစခန်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်အဖွဲ့ဝင် ရဲ...

စဉ့်ကူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ရဲစခန်းနဲ့ ရွာကို ဗုံးကြဲ၊ ၂၄ဦးသေဆုံး၊ ၃၀ ဝန်းကျင် ဒဏ်ရာရ

ဇူလိုင်လ ၃၀ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးက ထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ ၂၉ရက် ညနေပိုင်းမှာ စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာ ရဲစခန်းနဲ့ ရွှေပန်းတောရွာတို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပန်လှရဲစခန်းမှာ ပြစ်ဒဏ်ကျ အကျဉ်းသားတွေနဲ့ စစ်ဆေးနေဆဲ သံသယရှိသူတွေဖြစ်တဲ့...

အာဏာသိမ်းစစ်တပ်က ဆေးရုံဆေးခန်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေ 

  စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ပစ်မှတ်ထားပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ People's Healthcare Network (Kalay) ရဲ့ တာဝန်ရှိသူတစ်ဦးက The Nation Voice ကို ပြောပါတယ်။ ကလေးမြို့နယ် တောင်ပိုင်းက ရွှေတောင်ကြား တော်လှန်ရေးဆေးရုံ၊ တောင်ပိုင်းတိုက်နယ်ဆေးရုံ၊...

စစ်တပ်စစ်ကြောင်းနဲ့ ပျူစောထီးတွေနေတဲ့ရွာကို စေတုတ္တရာ ပကဖ တိုက်ခိုက် ၊ ၂၀ ဦးသေ

ဇူလိုင် ၂၉ မကွေးတိုင်း၊စေတုတ္တရာမြို့နယ်ထဲက ကူတော်ပျူစောထီးရွာ ကို တိုက်ခိုက်ခဲ့ပြီးနောက် အဲဒီရွာကို စစ်ကူလာတဲ့ စစ်ကြောင်းကို ပါ တိုက်ခိုက်ခဲ့တယ်လို့ စေတုတ္တရာ ပကဖ ကထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ ၂၂ရက်နေ့ မနက်၇နာရီမှာ ပျူစောထီးတွေနေတဲ့ ကူတော်ကျေးရွာကို ဒရုန်းဗုံးသီးတွေနဲ့ စတင်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနေ့ နေ့လယ် ၁၂နာရီလောက်မှာ ကပစ ၂၀ ကနေ...

Popular