အတွဲ (၁) စာစဉ် (၃)

၂၀၂၄ ခုနှစ်ရဲ့ မကွေးဒေသ နိုင်ငံရေးခြေရာများ

  ၂၀၂၄ ခုနှစ်ရဲ့ မကွေးဒေသက နိုင်ငံရေးခြေရာတွေဆိုပေမယ့် မကွေးဒေသရဲ့ နိုင်ငံရေး အခင်းအကျင်းကို ခြုံငုံမိဖို့ ၂၀၂၃ခုနှစ်က အခြေအနေတချို့ပါ ပြန်လည် တင်ပြဖို့လိုအပ်ပါတယ်။ ဒီတော့ ၂၀၂၃ ခုနှစ်က အခြေအနေတချို့ကိုလည်း တို့ထိပြီး တင်ပြသွားမှာပါ။ ဒီဆောင်းပါးမှာပါဝင်တဲ့အချက်အလက်တွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြု ဖေ့စ်ဘွတ်ခ်၊ လူမှုကွန်ရက် စာမျက်နှာတွေက...

မှိုပိုးကြောင့် အဖြူဆင်းခြင်း

  ဒီတစ်ပတ် ကျန်းမာရေးကဏ္ဍမှာ အမျိုးသမီးများ တွေ့ကြုံရတတ်တဲ့ အဖြူဆင်းတဲ့ ကိစ္စအကြောင်းအရာတွေထဲမှ မှိုပိူးကြောင့်ဖြစ်တဲ့ အဖြူဆင်းတဲ့အကြောင်းအရာလေးကို မျှဝေချင်ပါတယ်။ အမျိုးသမီးတိုင်းလိုလို မိန်းမကိုယ်မှ အဖြူဆင်းဖူးကြပါတယ်။ အပျိုဖော်မဝင်ခင် ၆ လ - ၁ နှစ် အလိုလောက်ကစပြီး အဖြူဆင်းတတ်ပြီး သွေးဆုံးပြီးနောက်ပိုင်းလည်း အဖြူဆင်းလေ့ရှိပါတယ်။ မွေးကင်းစသမီးလေးတွေမှာတောင် အချင်းမှတစ်ဆင့် ရရှိထားသော...

စစ်ကိုင်းရီဗျူး 

  ၁။ Mass Movements နဲ့စခဲ့တဲ့မုံရွာ ======================= စစ်ကိုင်းဟာ တော်လှန်အားအကောင်းဆုံးဒေသအဖြစ် နွေဦးတော်လှန်ရေးမှာ ပြောကြတယ်။ စစ်ကိုင်းရဲ့ဖြစ်စဉ်တွေကို မှတ်တမ်းတင်ထားချက်အရ သိပ်စိတ်ဝင်စားစရာကောင်းတယ်။ အာဏာသိမ်းခြင်းကို အစောဆုံးဆန္ဒပြခဲ့တဲ့နေ့ရာတွေထဲမှာ စစ်ကိုင်းတိုင်းမြို့တော် မုံရွာပါဝင်တယ်။ လူထုဆန္ဒပြုပွဲနဲ့ မြို့နယ်အုပ်ချုပ်ရေး၊ မြို့နယ်သပိတ်ကော်မတီတို့ကို ဖွဲ့စည်းနိုင်ခဲ့တာလည်း စစ်ကိုင်းတိုင်းကအများဆုံးပဲ။ လူ(၁) သန်းနီးပါးတက်တဲ့ ညီလာခံကြီးစုဝေးကျင်းပခဲ့တာလည်း စစ်ကိုင်းပဲ။ ဒါ့အပြင် NUG...

ဗုံးဒဏ်များကြား ရုန်းကန်နေရတဲ့ တောင်သူများ

  ဒေါ်ခင်သန်းတစ်ယောက် လယ်ထဲဆင်း စပါးရိတ်ရမှာကို တွန့်ဆုတ်နေပါတယ်။ သူတို့ရွာဘေးကရွာမှာ စပါးရိတ်နေတဲ့ တောင်သူ ဆယ်ဦးကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးခုနှစ်လုံးကြဲချခဲ့လို့ တောင်သူတွေ ကြောက်လန့်တကြားနဲ့ ထွက်ပြေးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ မကြာသေးတဲ့ ဒီဇင်ဘာနှောင်းပိုင်း နေ့ရက်တစ်ခုမှာ ဖြစ်ခဲ့တာပါ။ အခုတော့ အသက် ၅၀ ဝန်းကျင်အရွယ်...

စစ်ဘေးသင့်ဒေသက ရင်သွေးငယ်တွေအတွက် ရင်လေးနေရတဲ့ ကာကွယ်ဆေး 

  ကလေးတွေ ကာကွယ်ဆေးထိုးရမယ်လို့ကြားတာနဲ့ မသူဇာတစ်ယောက် အမြဲလိုလို ချီတုံချတုံဖြစ်နေတတ်ပါတယ်။ သွားထိုးရမလား၊ မထိုးဘဲနေရမလား ဝေခွဲရခက်နေတာကြောင့်ပါ။ မသူဇာရဲ့စိတ်ကို ဒွိဟဖြစ်စေတဲ့ အကြောင်း အရင်းတွေက ရှိနေပါတယ်။ သွားလာရေးခက်ခဲတာ၊ လမ်းခရီးအန္တရာယ်များတာနဲ့ ငွေကုန်ကြေးကျများတဲ့ကိစ္စတွေပါ။ ပခုက္ကူဒေသက အသက် ၃၂ နှစ်အရွယ် ကလေးနှစ်ယောက်မိခင် မသူဇာဟာမှာ ခြောက်နှစ်အရွယ် သမီးကြီးနဲ့ တစ်နှစ်နဲ့လေးလအရွယ် သားငယ်တစ်ဦးရှိပါတယ်။...

Popular