အပတ်စဉ်ဂျာနယ်

မင်းအောင်လှိုင်ကို ဖမ်းဖို့ ICC စတင်လှုပ်ရှား

  ရိုဟင်ဂျာလူနည်းစုတွေ အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICCရဲ့ ရှေ့နေချုပ်က နိုဝင်ဘာ ၂၇ရက်နေ့မှာ စတင်ကြိုးစားလာပါတယ်။ ICC ရှေ့နေချုပ် ကာရင်မ်ခန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကျူးလွန်ခဲ့ကြောင်း ခိုင်မာတဲ့ သက်တွေရှိထားတယ်လို့ ပြောတဲ့အကြောင်း...

အရာတော်သနပ်ခါးကို ဆန်နဲ့လဲစားနေကြရသူများ

  အညာရဲ့ မနက်စောစော တစ်ပွေ့စာကြိမ်ခြင်းတောင်းကြီးကို ခေါင်းပေါ်ရွက်လို့ မုံရွာမြို့ဆီကိုထွက်မယ့် တစ်စီးတည်းသော လိုင်းကားဆီ အမှီပြေးကြရသူတွေကတော့ ကျောက္ကာရွာက သနပ်ခါးသည် အမျိုးသမီးကြီးတွေပေါ့။ ကျောက္ကာ- မုံရွာ ဒိုင်နာကားကြီးက မနက် ၇ နာရီဝန်းကျင်မှာ ကျောက္ကာကထွက်ပါတယ်။ မနက် ၈ နာရီဆို မုံရွာကိုရောက်ပြီ။ အာဏာမသိမ်းခင်၊ ကိုဗစ်တွေမဖြစ်ခင်တုန်းကတော့ သနပ်ခါးသည်အမျိုးသမီးကြီးတွေက မုံရွာအထိ...

တရုတ်-မြန်မာ လုံခြုံရေးကုမ္ပဏီရဲ့ အလားအလာ

 မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ အဲဒီ စီမံကိန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်နိုင်ငံသားတွေဘေးကင်းစေဖို့အတွက် လုံခြုံရေးကုမ္ပဏီ ပူးပေါင်းတည်ထောင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။  အဲဒီကုမ္ပဏီမှာ အဖွဲ့ဝင် ၁၃ ဦးပါဝင်တဲ့ လုပ်ငန်းကော်မတီမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီက ဦးဆောင်ပြီး ဒုရဲချုပ်၊ ကာကွယ်ရေး ၊ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး ဝန်ကြီးဌာနက...

Popular