ပြည်တွင်းသတင်းများ

မိုးများလို့ နယုန်လစိုက်မြေပဲတွေ ဥ ထွက်နှုန်းလျော့

ဇူလိုင် ၂၄ မိုးများလို့ နယုန်လစိုက် မြေပဲတွေအတွက် ဥထွက်နှုန်းလျော့လာတယ်လို့ စလင်းမြို့နယ်၊ တညောင်တိုက်နယ်က မြေပဲစိုက်တောင်သူတွေဆီက စုံစမ်းသိရပါတယ်။ “ ဒီနှစ်က မိုးများတယ်။ မိုးများလွန်းတော့ မြေပဲပင်တွေက အပင်တွေကောင်းပြီး ဥကသိပ်မဥဘူး။ တချို့ဆို တစ်ပင်ကို နှစ်ဥသုံးဥပဲပါတယ်။ တချို့ဆို လုံးဝဥမပါဘူး ကတုံးကြီးပဲ အမြစ်ပဲပါတယ်။ ‌နွားစာအတွက်‌တော့ မြေပဲအပင်ကောင်းကောင်းရတာပေါ့”...

ဘုန်းကြီးကျောင်းရှေ့ တပ်စွဲထားတဲ့ စစ်တပ် ဒရုန်းနဲ့တိုက်ခိုက်ခံရ၊ ငါးဦးသေ ရှစ်ဦးဒဏ်ရာရ

  ဇူလိုင် ၂၄ မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ဘုန်းကြီးကျောင်းရှေ့မှာ ဂိတ်ချထားတဲ့ အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း လက်ရုံးတပ် ဒရုန်းတပ်ဖွဲ့ (MDA-3) ကထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ ၂၃ရက်နေ့မှာ တောင်သာမြို့နယ်၊ တပင်ကန်ကျေးရွာ ဆင်တဲဝတံတားအနီး ရေအောင်မြင်ဘုန်းကြီးကျောင်းရှေ့မှာ တပ်စွဲဂိတ်ချထားတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ဒရုန်းဆယ်စီးကိုသုံးပြီး တိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်...

စစ်ဘေးသင့်ဒေသက ရင်သွေးငယ်တွေအတွက် ရင်လေးနေရတဲ့ ကာကွယ်ဆေး 

  ကလေးတွေ ကာကွယ်ဆေးထိုးရမယ်လို့ကြားတာနဲ့ မသူဇာတစ်ယောက် အမြဲလိုလို ချီတုံချတုံဖြစ်နေတတ်ပါတယ်။ သွားထိုးရမလား၊ မထိုးဘဲနေရမလား ဝေခွဲရခက်နေတာကြောင့်ပါ။ မသူဇာရဲ့စိတ်ကို ဒွိဟဖြစ်စေတဲ့ အကြောင်း အရင်းတွေက ရှိနေပါတယ်။ သွားလာရေးခက်ခဲတာ၊ လမ်းခရီးအန္တရာယ်များတာနဲ့ ငွေကုန်ကြေးကျများတဲ့ကိစ္စတွေပါ။ ပခုက္ကူဒေသက အသက် ၃၂ နှစ်အရွယ် ကလေးနှစ်ယောက်မိခင် မသူဇာဟာမှာ ခြောက်နှစ်အရွယ် သမီးကြီးနဲ့ တစ်နှစ်နဲ့လေးလအရွယ် သားငယ်တစ်ဦးရှိပါတယ်။...

၂၀၂၄ ခုနှစ်အတွင်း မကွေးတိုင်းက တိုက်ပွဲများ

  အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းမှာ စစ်မဖြစ်တဲ့ မြို့နယ် ၂ခုသာကျန်ပါတော့တယ်။ တိုင်းမြို့တော်ဖြစ်တဲ့ မကွေးမြို့နဲ့ စကုမြို့တွေမှာသာ စစ်ပွဲတွေကို မတွေ့ရပေမယ့် အခြားဒေသတွေမှာတော့ တော်လှန်ရေးကအရှိန်မြင့်တက်လာနေပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း မကွေးတိုင်းထဲမှာ ကာကွယ်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေတိုးမြင့်လာမှုက သိသာထင်ရှားလှပါတယ်။ The Nation Voice အနေနဲ့ တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားမှုနယ်မြေတွေနဲ့ပါတ်သတ်လို့ ခရိုင်တွေအလိုက် ဖော်ပြသွားပါမယ်။ မင်းဘူးခရိုင်၂၀၂၄ ခုနှစ်အတွင်းမှာ...

ထွေအုပ်ရုံးက လက်နက်ကြီးပစ်ခတ်လို့ အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦးသေဆုံး

ဇူလိုင် ၂၃၊ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးရုံးမှယ တပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။ ဇူလိုင်လ ၂၁ရက်နေ့ မနက် ၁၀နာရီခွဲမှာ ၁၂၀မမ လက်နက်ကြီးလေးလုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မှန်ချိုရွာထဲကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ “ ၁၂၀နဲ့ လေးလုံးဆက်တိုက်ပေါ့။ ရမ်းသမ်းပစ်ခတ်မှုကြောင့်...

Popular