အတွဲ (၁) စာစဉ် (၅)

စစ်အုပ်စုကို လောင်စာဖြည့်ပေးနေကြသူများ

  စစ်အုပ်စုဟာ ပြည်တွင်းကရတဲ့ ရေနံစိမ်းကနေ လေယာဉ်ဆီ၊ တင့်ကားဆီနဲ့ စစ်သုံးယာဉ်တွေအတွက် စက်သုံးဆီ ထုတ်လုပ်နေတဲ့အကြောင်းက လူပြောသူပြောနည်းလှပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ စစ်အုပ်စုရဲ့ နိုင်ငံဖျက်လုပ်ငန်းတွေအတွက် လေယာဥ်ဆီတင်သွင်းမှုကို ဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်လာခဲ့ပါတယ်။ အဲဒီ လေယာဥ်ဆီနဲ့ ဒီဇယ်တွေထုတ်လုပ်မယ့် ရေနံစိမ်းကုန်ကြမ်းတွေကို မကွေးတိုင်းမှာရှိတဲ့ ကုန်းတွင်းရေနံမြေနှစ်ခုဖြစ်တဲ့ ချောက်နဲ့ ရေနံချောင်းကနေ အများဆုံးထုတ်ယူနေတာပါ။ လိုအပ်တဲ့ ရေနံကုန်ကြမ်းတွေ...

ရွှေစက်တော်ပွဲတော်ကိုလာတဲ့ လူငယ်တွေကို စစ်မှုထမ်းစည်းရုံးတာလုပ်ဆောင်ဖို့ပြင်ဆင်နေ

  မကွေးတိုင်း မင်းဘူးမြို့နယ်က ရွှေစက်တော်ဘုရားပွဲလာ လူငယ်တွေကို စစ်မှုထမ်းဖို့ စည်းရုံးတာတွေလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ရွှေစက်တော်မှာနှစ်စဉ်ဈေးရောင်းနေတဲ့ စျေးသည်တွေက ပြောပါတယ်။ ရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့ ဘုရားအဆောက်အအုံတွေကို အာဏာသိမ်းစစ်တပ်က တပ်ဆွဲထားပါတယ်။ "လူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းဖို့၊ ရဲထဲဝင်ဖို့ ခြိမ်းခြောက်လှုံ့ဆော်တာလည်းရှိတယ်။ ရပ်ရွာထဲက လက်လုပ်လက်စားမီးသွေးဖုတ် သစ်ခုတ် ငါးရှာစားကြတဲ့သူတွေဆီကပိုက်ဆံတောင်း၊ မီးသွေးတောင်းနဲ့...

Popular