အပတ်စဉ်ဂျာနယ်

မုံရွာမှာ လစဉ်သုံးသန္ဓေတားဆေးတွေ စျေးမြင့်တက်နေပြီး ဆေးပြတ်လပ်မှုတွေရှိလာ

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ သန္ဓေတားဆေးတွေ စျေးတက်လာပြီး ပစ္စည်းအချို့ ပြတ်လပ်မှုတွေလည်း ကြုံတွေ့နေရတယ်လို့ အိမ်ထောင်ရှင်မတွေက ပြောပါတယ်။ လူသုံးများတဲ့ လေဒီယာ၊ စိတ်ချ၊ Ok ၂၈လုံးပါ သန္ဓေတားဆေး တစ်ကဒ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတစ်ထောင့်ငါးရာ ကျပ်ဝန်းကျင်သာရှိခဲ့ပေမယ့် အခုတော့ တစ်ကဒ်ကိုသုံးထောင့်ငါးရာ ဝန်းကျင်ထိ စျေးနှစ်ဆကျော် မြင့်တက်လာခဲ့တယ်လို့...

အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ တစ်နှစ်‌ကျော် အတွင်း အရပ်သား ၉၅၈ ဦးသေဆုံးပြီး တစ်ထောင်ကျော် ဒဏ်ရာရ

  အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ တစ်နှစ်‌ကျော်အတွင်း အရပ်သား သေဆုံးမှု ၉၅၈ ဦးရှိခဲ့ပြီး ဒဏ်ရာရခဲ့သူဦးရေ တစ်ထောင်ကျော် ရှိတယ်လို့ Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းထဲက ခရိုင် ၁၃ ခု ရှိတဲ့အထဲမှာ မုံရွာခရိုင် ၊ ရွှေဘိုခရိုင်၊ ကလေးခရိုင်...

အယ်ဒီတာအာဘော်

  အညံ့ချင်းပြိုင်လို့မနိုင်ပါ ပဋိပက္ခများ၏ သဘောသဘာဝအရ လက်နက်ကိုင်ပဋိပက္ခသည် အမြင့်ဆုံး အပြင်းထန်ဆုံးဖြစ်သည်ဟုဆိုကြသည်။ လက်နက်ကိုင်ပဋိပက္ခနှင့်အတူ နှစ်သက်လိုလားဖွယ်မရှိသော သွေးထွက်သံယိုများ၊ ရက်စက်ကြမ်းကြုတ်မှုများကဲ့သို့ အဖြစ်အပျက်များရှိလာတတ်သည်။ မြန်မာနိုင်ငံ၏ လက်နက်ပဋိပက္ခသည် အချိန်ကြာလာသည်နှင့်အမျှ အနိဌာရုံများကို ခပ်စိတ်စိတ်တွေ့မြင်လာခဲ့ရသည်။ အထူးသဖြင့် ခေါင်းဖြတ်သတ်မှုအပါအဝင် ရက်စက်ကြမ်းကြုတ်သည့်လုပ်ဟန်များတွေ့လာရသည်။ လက်နက်ကိုင်တိုက်ပွဲဝင်နေကြသည့် မြန်မာနွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်သည် ဒီမိုကရေစီနှင့် လူဂုဏ်သိက္ခာရှိသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည်။ တစ်နည်းအားဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့်...

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ကို ခြေရာကောက်ခြင်း

  အပိုင်း(၁) The Nation Voice အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်က ရေးဆွဲနေတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)နဲ့ပတ်သက်လို့ အပတ်စဉ် ဆွေးနွေးသွားဖို့ ပြင်ဆင်ထားပါတယ်။ အပတ်စဉ်ဖော်ပြသွားမယ့် ဒီဆောင်းပါးက စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း)ကို ဝေဖန်ပြစ်တင်ခြင်းမဟုတ်ဘဲ အများပြည်သူအကျိုးစီးပွါးအား ရှေးရှုသည့် အပြုသဘောဆောင်သောဆွေးနွေးဝေဖန်မှုများအဖြစ် ဖော်ပြသွားပါမယ်။ ဒီတစ်ပတ်မှာတော့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)...

ကလေးအဆုတ်ရောင်ရောဂါ

  ဒီတစ်ပတ် "ကျန်းမာရေး" ကဏ္ဍ အတွက် မျှဝေပေးချင်တဲ့ အကြောင်းအရာကတော့ အခုလို ဆောင်းရာသီမှာ ကလေးတွေ အဖြစ်များတဲ့ နမိုးနီးယား လို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါအကြောင်းဖြစ်ပါတယ်။ ကလေးတွေမှာဖြစ်တဲ့ အဆုတ်ရောဂါတွေထဲကမှ အဆုတ်ရောင်ရောဂါဟာ ဖြစ်ပွါးနှုန်းများသလို သေဆုံးမှုနှုန်းလည်းများတဲ့အတွက် အရေးကြီးတဲ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ ဘယ်လိုကိစ္စရပ်တွေက ကလေးအဆုတ်ရောင်ရောဂါကို ပိုဖြစ်စေနိုင်သလဲဆိုရင် ၅ နှစ်အောက်ကလေးတွေ၊ ကာကွယ်ဆေးပုံမှန်မထိုးခဲ့ရတဲ့ကလေးတွေ၊ အစာအာဟာရအုပ်စု...

Popular