စစ်ကိုင်းရီဗျူး 

Date:

 

၁။ Mass Movements နဲ့စခဲ့တဲ့မုံရွာ
=======================

စစ်ကိုင်းဟာ တော်လှန်အားအကောင်းဆုံးဒေသအဖြစ် နွေဦးတော်လှန်ရေးမှာ ပြောကြတယ်။ စစ်ကိုင်းရဲ့ဖြစ်စဉ်တွေကို မှတ်တမ်းတင်ထားချက်အရ သိပ်စိတ်ဝင်စားစရာကောင်းတယ်။ အာဏာသိမ်းခြင်းကို အစောဆုံးဆန္ဒပြခဲ့တဲ့နေ့ရာတွေထဲမှာ စစ်ကိုင်းတိုင်းမြို့တော် မုံရွာပါဝင်တယ်။

လူထုဆန္ဒပြုပွဲနဲ့ မြို့နယ်အုပ်ချုပ်ရေး၊ မြို့နယ်သပိတ်ကော်မတီတို့ကို ဖွဲ့စည်းနိုင်ခဲ့တာလည်း စစ်ကိုင်းတိုင်းကအများဆုံးပဲ။ လူ(၁) သန်းနီးပါးတက်တဲ့ ညီလာခံကြီးစုဝေးကျင်းပခဲ့တာလည်း စစ်ကိုင်းပဲ။ ဒါ့အပြင် NUG တောင်မပေါ်သေးတဲ့ မတ်လ(၂၇) ရက်နေ့မှာကတည်းက လက်နက်ကိုင်တုံ့ပြန်ခဲ့တာလည်း စစ်ကိုင်းပဲ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတွေ စတင်ဖွဲ့စည်းနိုင်ခဲ့တာလည်း စစ်ကိုင်းပဲဖြစ်သလို၊ ကိုယ်ထူကိုယ်ထကျောင်းတွေ စဖွင့်နိုင်ခဲ့တာလည်း စစ်ကိုင်းပါပဲ။ နွေဦးတော်လှန်ရေးမှာ မြို့အများဆုံးသိမ်းထားတဲ့ ပြည်နယ်မဟုတ်တဲ့ တိုင်းကလည်း စစ်ကိုင်းတိုင်းပဲဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှတ်တမ်းမှာ စစ်ကိုင်းရဲ့ဦးဆောင်မှုဟာ အခန်းကဏ္ဍကြီးကြီးကနေပါဝင်နေပါတယ်၊ ဒါပေမဲ့ လတ်တလောမှာ စစ်ကိုင်းက မညီညွတ်ဘူး၊ စစ်ကိုင်းလိုမလုပ်ကြနဲ့ စစ်ကိုင်းကို သင်ခန်းစာယူဆိုတဲ့ စကားသံတွေဟာ တော်လှန်ရေး Main Stream မှာ ကြားလာရပါတယ်။ ဒါတွေဟာဘာကြောင့်ဖြစ်တာလဲ လက်ရှိရောစစ်ကိုင်းအခြေအနေဟာ ဘာလဲဆိုတာ သုံးသပ်သွားဖို့ဖြစ်ပါတယ်။

၂။ ၂၀၂၁ တော်လှန်ရေးတည်ဆောက်ကာလ
=============================
၂၀၂၁ ကာလက စစ်ကိုင်းကတော့ တော်လှန်ရေးတည်ဆောက်ကာလလို့ဆိုရမှာဖြစ်ပါတယ်။ သပိတ်တိုက်ပွဲတွေအလွန်မှာ လူထုလှုပ်ရှားမှုတွေကို ရတဲ့နည်းနဲ့ ဆက်လုပ်ဖို့ ကျေးလက်သပိတ်တွေ ပေါ်ထွန်းလာတယ်။ ကျေးလက်လူထုလှုပ်ရှားမှုတွေကနေ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ စစ်သင်တန်းတွေ ပေါ်ထွက်လာတယ်။

ဒေသကာကွယ်ရေးတပ်တွေ အဆင်ပြေသလိုစုစည်းပြီး တပ်ရင်းတွေအဖြစ် ပုံဖော်ဖို့ကြိုးစားလာတယ်။ ပြောက်ကျားတိုက်ပွဲတွေ စတင်လာတယ်။ စစ်တပ်ထောက်တိုင်ရှင်းလင်းရေးတွေ အရှိအဟုန်နဲ့ဆောင်ရွက်လာတယ်။ အားသာချက်ကတော့ ကျေးလက်ဒေသတွေမှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားတွေအားလုံးရပ်သွားတယ်။ non cdm ဝန်ထမ်းတွေ မရှိသလောက်ရှားသွားတယ်။

အားနည်းချက်ကတော့ ဒလန်ရှင်းတဲ့ဖြစ်စဉ်တွေမှာ လူမှားတာတွေ၊ ပုဂ္ဂိုလ်ရေးအငြိုးနဲ့ ဆောင်ရွက်တာတွေကြောင့် ရှင်းရခဲ့တဲ့ နာမည်ကျော်အမှုအခင်းကြီးတွေဖြစ်လာတယ်။ ဒီအမှုအခင်းကြီးတွေကြောင့် အလားအလာရှိတဲ့ ခေါင်းဆောင်တချို့ ငုပ်ကောင်ဖြစ်သွားခဲ့ရတယ်။

၂၀၂၁ ကို ခြုံကြည့်ရင်စစ်ကိုင်းဟာ တော်လှန်ရေးအတွက် တည်ဆောက်မှုတွေကို တစုံတရာအတိုင်းအတာအထိ ပြီးပြတ်အောင် ဆောင်ရွက်နိုင်တာတွေ့ရပြီး ကျေးလက်ဒေသစိုးမိုးမှုဆိုတဲ့ မဟာဗျူဟာမြောက်ရလဒ်ကို ရခဲ့တယ်။

အလုံးစုံကြီးထွားကာလဖြစ်တာမျိုးဟာ နွေဦးတော်လှန်ရေးမှာ စစ်ကိုင်းက စဖြစ်တာမို့ အဝေးမြင်နဲ့ သုံးသပ်နေတဲ့ စစ်ကိုင်းကို သင်ခန်းစာယူမယ်တို့ စစ်ကိုင်းလို မဖြစ်အောင်ရှောင်တို့ဆိုတာ နောက်ကျအမြင်တွေသာဖြစ်တယ်။

၂။၂၀၂၂ တော်လှန်ရေး အရှိန်မြှင့်ကာလ အုပ်ချုပ်ရေးတည်ဆောက်ကာလ
=================================================
၂၀၂၂ မှာတော့ ကျေးလက်လူထုလှုပ်ရှားမှုတွေကတဆင့်အုပ်ချုပ်ရေးတွေစတင်လည်ပတ်ဖို့ကြိုးစားနေပြီဖြစ်ပါတယ်။ ပသုံးလုံးဖွဲ့စည်းဖို့ကြိုးစားတာနဲ့အတူ အုပ်ချုပ်ရေးတည်ဆောက်ကာလနဲ့ တော်လှန်ရေးအရှိန်မြှင့်ကာလကို ရောက်လာတယ်။ တော်လှန်ရေးအရှိန်မြှင့်တဲ့ တိုက်ပွဲတွေ အားစမ်းထိုးစစ်တွေတွေ့လာရတယ်။

စစ်ကြောင်းထိုးတာတွေကို ကောင်းကောင်းမခုခံနိုင်သေးပေမဲ့ ခုခံဖို့ကြိုးစားရင်း မြောင်ဘက် မြေပြန့်လွင်ပြင်မှာတောင် တိုက်ပွဲခပ်ကြီးကြီးတွေဖြစ်လာတယ်။ စစ်ရာဇဝတ်မှုတချို့ကြောင့် ပြည်သူသေဆုံးမှုတွေဖြစ်လာတယ်။ ဒါဟာ တော်လှန်ရေးမြှင့်တင်ခြင်းရဲ့ ဘေးထွက်အကျိုးတခုဖြစ်တာကို တွေ့ရတယ်။

အုပ်ချုပ်ရေးမှာ ပသုံးလုံးမခိုင်မာသေးသလို ပသုံးလုံး တည်ဆောက်နေစဉ်မှာပဲ NUG အောက် ဝင်လိုသူတွေ မဝင်လိုသူတွေအကြား ပြဿနာလေးတွေရှိလာတယ်။ ပြဿနာတွေကို ရှင်းနိုင်တာရှင်း လစ်လျူရှုတာတွေရှုပြီး တည်ဆောက်မှုတွေလုပ်ခဲ့တယ်။ ၂၀၂၂ ကတော့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအတွက် တစုံတရာ လက်နက်ခဲယမ်းတွေရလာတာမို့ တိုက်ပွဲဖော်ဆောင်မှုတွေ အရှိန်မြှင့်နိုင်ခဲ့သလို နည်းပညာအသစ်တိုက်ခိုက်မှုတွေစတင်နိုင်ခဲ့တယ်။

အလုံးစုံကြီးထွားကာလဖြစ်တာမျိုးဟာ နွေဦးတော်လှန်ရေးမှာ စစ်ကိုင်းက စဖြစ်တာမျိုးမို့ အဝေးမြင်နဲ့သုံးသပ်နေတဲ့ စစ်ကိုင်းကိုသင်ခန်းစာယူရမယ်တို့ စစ်ကိုင်းလိုမဖြစ်အောင်ရှောင်တို့ဆိုတာ နောက်ကျအမြင်တွေသာဖြစ်တယ်

၃။၂၀၂၃ အုပ်ချုပ်ရေးအရှိန်မြှင့်ကာလ နိုင်ငံရေးတည်ဆောက်ကာလ
=============================================
ပသုံးလုံးဟာ ပြဿနာတွေနဲ့အတူ ကြီးထွားဖြစ်တည်လာတယ်။ တချို့နေရာတွေမှာစိုးမိုးမှုကနေ ထိန်းချုပ်မှု အဆင့်တက်လာသလို စစ်ကိုင်းမြို့နယ်လို နေရာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေလုပ်လာခဲ့တယ်။ စစ်ရေးမှာ မဟာမိတ်တွေရဲ့အကူအညီနဲ့ တစုံတရာပြည့်စုံလာတယ်။ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲလာနိုင်တယ်။

1027 နဲ့အတူ ကောလင်းမြို့ကို စသိမ်းပြီးစစ်ရေးမှာ အောင်မြင်မှုမှတ်တိုင်တခုရလာတယ်။ စစ်ရေးနဲ့အတူ နိုင်ငံရေးတည်ဆောက်မှူတွေလည်း ၂၀၂၃ မှာ တွေ့လာရတယ်။ ဇူလိုင်မှာ စစ်ကိုင်းဖိုရမ် စတင်ဖြစ်တည်လာသလို၊ မရှေးမနှောင်းမှာပဲ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အဖြစ် အမည်ပြောင်းကြေညာချက်ထွက်လာတယ်။

နိုင်ငံရေးအပိုင်းမှာ အင်စတီကျူးရှင်းတချို့နဲ့ Stakeholder တချို့အကြားအားပြိုင်မှုတွေ ပွတ်တိုက်မှုတွေ တွေ့လာရတယ်။ ဒါတွေကိုယ်တိုင်ကိုက နိုင်ငံရေးဖြစ်နေလို့ တည်ဆောက်မှုအတွက် တိုးတက်မှုတွေလို့ ခေါ်ဆိုရမှာဖြစ်တယ်။ ပသုံးလုံးဟာ ဒေသတွင်း အာဏာသုံးရပ်ကို အခြေကျကျ ဝင်ရောက်ကိုင်တွယ်နိုင်လာသလို ပြဿနာတွေဟာလည်း ပိုကြီးလာတယ်။ ၂၀၂၃ ကိုခြုံကြည့်ရင် ဗဟိုအခြေပြု ဖြန့်ခွဲအာဏာစတင်သက်ရောက်လာပြီး အဲဒါကို ကိုင်တွယ်ဖို့ စစ်ကိုင်းနိုင်ငံရေးတည်ဆောက်မှုတွေလည်း စတင်ဖြစ်တည်လာတာမြင်ရတယ်။

၄။ အလုံးစုံ ကြီးထွားကာလ
===================
တော်လှန်စစ်၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးတွေဟာ အလုံးစုံကြီးထွားလာပြီး တချို့က ထိစပ်သွားတာရှိသလို တချို့ကလည်း ဓာတ်မတည့်မှုတွေပိုဖြစ်လာတယ်။ လူထုလှုပ်ရှားမှုတွေဟာ စစ်ကောင်စီကို ဆန္ဒပြနေရာကနေ ဒေသအုပ်ချုပ်ရေးတွေကို ဆန္ဒပြတာမျိုးဖြစ်လာတယ်။

အမှုအခင်းတွေကို ဝီဆယ်ဘလိုး လုပ်နိုင်လာသလို အန္တရာယ်တွေကလည်း ရှိနေဆဲဖြစ်တာတွေ့ရတယ်။ လူထုတိုးတိုက်မှုနဲ့ အာဏာချုပ်ကိုင်လိုမှုအကြားဖြစ်တဲ့ ပဋိပက္ခတွေကို တွေ့လာရတယ်။ ဒါပေမဲ့ ပေါက်ကွဲမှုထက် ပေါင်းစပ်မှုတွေဖြစ်သွားဖို့ တွန်းတိုက်မဲ့ နိုင်ငံရေးဖြစ်တည်မှုတွေလည်း ပေါ်ပေါက်လာတယ်။

ပါ့ဗလစ်မဟုတ်ပေမဲ့ ပရိုက်ဗိတ်အရ စစ်ကိုင်းဟာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်အထိ တိုးချဲ့လာနိုင်တာ ဒေသနိုင်ငံရေးအင်အားစုတွေအကြား ထိတွေ့ဆက်ဆံရေးတွေတိုးတက်လာတာတွေ့ရတယ်။ အလုံးစုံကြီးထွားကာလဖြစ်တာမျိုးဟာ နွေဦးတော်လှန်ရေးမှာ စစ်ကိုင်းက စဖြစ်တာမျိုးမို့ အဝေးမြင်နဲ့သုံးသပ်နေတဲ့ စစ်ကိုင်းကိုသင်ခန်းစာယူရမယ်တို့ စစ်ကိုင်းလိုမဖြစ်အောင်ရှောင်တို့ဆိုတာ နောက်ကျအမြင်တွေသာဖြစ်တယ်။ စစ်ကိုင်းရဲ့ အလုံးစုံနိုင်ငံရေးဟာ ရှေ့ဆက်သွားနေတယ်လို့မြင်ရတယ်။

၅။ ၂၀၂၅ စစ်ကိုင်းပေါင်းစည်းမှုနဲ့ ပါဝါရှယ်ရင်း
===============================
၂၀၂၅ အတွက်ကတော့ စစ်ကိုင်းမှာ နိုင်ငံရေး၊ စစ်ရေးပေါင်းစည်းမှုတွေတွေ့ရလိမ့်မယ်၊ ပိုပြီး စုစည်းပါဝင်နိုင်မဲ့ အင်စတီကျူးရှင်း‌ေတွေပေါ်လာလိမ့်မယ်။ တချို့ပြဿနာတွေဟာပျောက်သွားပြီး ဖက်ဒရယ်အဆင့်ကိုသွားမဲ့ နိုင်ငံရေးဆိုင်ရာ ပြဿနာအကြီးကြီးတွေပေါ်လာလိမ့်မယ်။ အဲဒါကတော့ အာဏာခွဲဝေမှု ပါဝါရှယ်ရင်းပြဿနာပဲဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် စစ်ကိုင်းဟာ ခပ်မြန်မြန်ရှေ့ဆက်သွားနေတယ်။

မိုးလူငြိမ်း ရေးသားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here

Share post:

Subscribe

spot_imgspot_img

Popular

More like this
Related

ဓါးမိုးခံထားရတဲ့ လူ့အသက်တွေ

  လေကြောင်းကနေ ဗုံးကြဲတဲ့အခါ အသက်မသေအောင် ကာကွယ်ဖို့ဆိုပြီး တူးခဲ့တဲ့ ဗုံးခိုကျင်းက မိသားစုဝင် ငါးဦးကို သတ်ပြီး...

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ

မုသားနဲ့အမုန်းစကားတွေ တွင်တွင်သုံးလာကြတဲ့ စစ်အာဏာရှင် နောက်မြီးဆွဲများ   ကလေးတွေစာသင်နေတဲ့ ကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ လိမ်ညာ...

The Nation Voice Cartoon

ဩဂုတ် ၆ ကာတွန်း- ဗိုက်ပူ

ဂွေးကုန်း -ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ ထုတ်ပြန်

ဩဂုတ် ၆ မကွေးတိုင်းအတွင်းက ဂွေးကုန်း- ဝက်ချုပ်- နတ်မောက်လမ်းကို အသုံးမပြုကြဖို့ People’s Defence Force...